workshop with youth delegates

ယနေ့မှာတော့ Prevent Plastics Myanmarနဲ့ Thant Myanmar တို့က ပူးပေါင်းပြုလုပ်သော Youth Environmental Action and Hope (YEAH) Programme ရဲ့ Delegates လူငယ်များဟာ SheCreates-သူမလက်ရာ ပြခန်းကို လာရောက်လေ့လာခဲ့ကြပါတယ်။
SheCreatesသူမလက်ရာမှ မဖြူအိသိမ်းက‌ မိတ်ဆက်စကားနှင့် သူမလက်ရာပြခန်း ဖြစ်ပေါ်လာပုံကို ပြောပြပေးခဲ့ပြီး၊ အဖွဲ့ဝင် Creators များဖြစ်တဲ့ Amazing Grace Crafts and Workshop, Café Deja Brew, ChuChu, Gwat Gwat – ဂွက်ဂွက်, Pann Nann Einတို့မှ ဖန်တီးမှုများ အကြောင်းကို လက်တွေ့ သရုပ်ပြသပေးခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ လူငယ်များက မိမိ စိတ်ဝင်စားတဲ့ ဖန်တီးမှုများကို Creators များနှင့်အတူ ကိုယ်တိုင်ပြုလုပ်ခဲ့ကြပါတယ်။
Sustainable Environment ဖြစ်တည်လာဖို့အတွက် ပလက်စတစ်အသုံးပြုခြင်းကို ငြင်းပယ်ခြင်း၊ လျှော့ချအသုံးပြုခြင်းနှင့် ပြန်လည်အသုံးပြုခြင်းဆိုတဲ့ နည်းလမ်းတွေကို မိမိကစပြီး လက်တွေ့ကျင့်သုံးရမယ်ဆိုတာကို သတိချပ်‌မိရပါတယ်။
သူမလက်ရာသို့ လာရောက်လည်ပတ်ကြတဲ့ လူငယ်များနှင့် Demonstration ပြုလုပ်ပေးခဲ့ကြတဲ့ Creators များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။