
𝐕𝐚𝐜𝐚𝐧𝐜𝐲 – 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝟐 𝐏𝐨𝐬𝐭 (Batch 3)
Deadline – December 30, 2023
သူမလက်ရာ အရောင်းပြခန်းမှာ အလုပ်သင် (ကျား/မ) (၂) ဦးကို ရှာဖွေနေပါတယ်။ အရောင်းပြခန်းလေးရဲ့ လုပ်ငန်းဆောင်တာများ အပေါ် စိတ်အားထက်သန်စွာဖြင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး လက်မှုပစ္စည်းများနှင့် ရိုးရာထည်များကို ချစ်မြတ်နိုးသူဆိုပါက SheCreates သူမလက်ရာ၏ အလုပ်သင်အဖြစ်လျှောက်ထားရန် သင့်တော်ပါတယ်။
အလုပ်သင်များအနေဖြင့် Accounting, Stock record card, Cash Book, Sales & Marketing Indoor & Outdoor, Customer service, Showroom Display, Language Polishing, Media, Craft Training, Showroom Management စသည့် ပညာရပ်များကို လေ့လာနိုင်မှာဖြစ်ပြီး အလုပ်သင်ကာလ ပြီးဆုံးချိန်၌ “End of the Apprenticeship Certificate” ရရှိနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းအတွေ့အကြုံ မရှိသေးသော်လည်း ပြခန်းဆိုင်ရာ လုပ်ငန်းစဉ်များ အားလုံးကို စိတ်အားထက်သန်စွာ ကြိုးစားလုပ်ကိုင်နိုင်သူ ဖြစ်ပါက သူမလက်ရာသို့ ဒီဇင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ဖော်ပြပါ link တွင် ပါရှိသော Application form ကို ဖြည့်စွက်လျှောက်ထားနိုင်ပါသည်။
ယခုလင့်မှ တဆင့် လျှောက်လွှာဖြည့်သွင်းရန် – Internship application form
လစ်လပ်ရာထူး – အလုပ်သင် (၂) ဦး
နောက်ဆုံးလျှောက်ထားရမည့်ရက် – ဒီဇင်ဘာလ (၃၀) ရက်