Dandelion is a local brand that mainly make the casual fabric clothing. Dandelion is founded in 2021 and the purpose of Dandelion is to create the Asia qualified clothing with fair price.
Dandelion uses linens, fabrics to make casual clothes. They create the clothes with the fashionable design of 20 years’ experienced designer and well stitching to wear for a long time to promote the sustainable environment.
The clothing of Dandelion are made in a small factory near Hlegu village. Dandelion tries to develop the job opportunities for the women and LGBTs in the village.
Dandelion Clothing က ချည်သားတွေကို အဓိကထားပြီး နေ့စဉ် ဝတ်ဆင်တဲ့ အဝတ်အထည် ဒီဇိုင်းများကို ဦးစားပေး ဖန်တီးချုပ်လုပ်ပါတယ်။
Dandelion ကို 2021 မှာ စတင်ပြီး၊ Dandelion ရဲ့ ရည်ရွယ်ချက်က မိမိ ထုတ်လုပ်လိုက်တဲ့ အဝတ်အထည်တွေဟာ အာရှဒေသ အတွင်းက အရည်အသွေးတွေအောက် မလျော့ဘဲ၊ ဈေးနှုန်းတန်တန်၊ အရည်အသွေးကောင်းကောင်း၊ နေ့စဉ် ဝတ်ဆင်တဲ့ ထသွားထလာ အဝတ်အထည်မျိုး ဖန်တီးပေးချင်တာပဲ ဖြစ်ပါတယ်။
လီနင်၊ ချည်သားများကို အသုံးပြုပြီး၊ တစ်ခါဝတ်ပြီး ခေါက်သိမ်းထားရတာမျိုး မဟုတ်ဘဲ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေရှည် နေ့စဉ်ဝတ်ဆင်လို့ အဆင်ပြေတဲ့ ဒီဇိုင်းများကို၊ အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိ ဒီဇိုင်နာမှ ဒီဇိုင်းဆွဲပြီး၊ ချုပ်ရိုးချုပ်သား အထူး ကောင်းမွန်စွာ ချုပ်လုပ်ထားပါတယ်။ Dandelion ရဲ့ အဝတ်အထည်များကို လှည်းကူးအနီးရှိရွာလေးက အသေးစားစက်ရုံမှာ ချုပ်လုပ်ကြတာဖြစ်ပြီး၊ အမျိုးသမီးများ၊ LGBT များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။