Holy House (Aein Mon) is founded in 2022 with a desire to help the all ethnic races in Myanmar in the hard times. The original logo is “Pyu” Language means holy house; inspired the thinking to be a peaceful home for all.
As a first step, Holy House commence with the fabric from the Inlay, the famous place of Shan State where houses are built on the water of Inlay Lake, in order to develop the job opportunities for the women in the region. Holy House intends to distribute all of the ethnic races’ products in the future.
Holy House tries her best to creates the outfits for work, formal dress with local fabrics instead of using the imported cloths. Besides, she works hard to meet the fabric quality and design creations in order to be a cherish brand wore not only by the local but also the foreign countries.
Holy House uses coconut shell button for her clothes and in every steps of producing and packaging, always considers to reduce and recycle plastic for the sustainable environment.
Holy House is trying and planning to produce local products continuously in the future through interethnic trade.
Holy House : အိမ်မွန် လုပ်ငန်းလေးကို အရာရာခက်ခဲနေကြရတဲ့ ကာလမှာ တိုင်းရင်းသား ပြည်သူအချင်းချင်း ရိုင်းပင်းကူညီလိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားစီစဉ်ခဲ့ပြီး ၂၀၂၂ မတ်လ မှာ စတင်တည်ထောင်ခဲ့ပါတယ်။
အမှတ်တံဆိပ် (logo) မူရင်းသည် ပျူဘာသာဖြစ်ပြီး မွန်မြတ်သောအိမ် “အိမ်မွန်”ဟု အဓိပ္ပါယ် ရပြီး၊ တိုင်းရင်းသားအားလုံး အတွက် မွန်မြတ်ကောင်းမွန်သော အိမ်လေး တလုံးဖြစ်စေလိုသော ရည်ရွယ်ချက် ဖြစ်ပါတယ်။
ပထမဆုံးခြေလှမ်းအနေနဲ့ မြန်မာပြည်ရဲ့ အထင်ကရ ရေပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည် အင်းလေးဒေသရဲ့ လက်ယက်ကန်း စက်ယက်ကန်းများမှ ယက်ကန်းမယ် အမျိုးသမီးလေးများ စဉ်ဆက်မပြတ် အလုပ်အကိုင် ရရှိစေနိုင်ရန် အတွက် ဒေသထွက် ချည်ဖြင့်ဖန်တီးသော အင်းလေးချည်ထည် ထုတ်ကုန်များဖြင့် စတင်ခဲ့ပြီး၊ မကြာခင်ကာလများမှာ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ပြည်တွင်းထွက်ကုန်များ အားလုံးကို ထုတ်လုပ် ဖြန့်ဖြူးသွားနိုင်ရန် ရည်ရွယ်ထားပါတယ်။
သာမန်အားဖြင့် မြန်မာ့ချည်ထည်များကို အိမ်နေရင်း ဝတ်ဆင်နိုင်ရုံသာဆိုသည့် အမြင်မှ ပြောင်းလဲပြီး ရုံးတက် ပွဲတက် ထသွား ထလာ နေရာကဏ္ဌစုံ (office wear/ formal wear ) များ အဖြစ် နိုင်ငံခြားအဝတ်အထည် အသုံးအဆောင်များ နေရာတွင် အစားထိုး ဝတ်ဆင် သုံးစွဲ လာနိုင်လာကြစေရန်နှင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံသားများကပါ ကြိုက်နှစ်သက်၍ ဝတ်ဆင် အသုံးပြုလာနိုင်စေရန် အတွက် ချည်ထည်အရည်အသွေးများ ပြည့်မီရေးပါမက ဒီဇိုင်းပုံစံများကိုပါ ကြိုးစားပြင်ဆင် ထုတ်လုပ်လျှက်ရှိပါတယ်။
ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် ပလက်စတစ် လျော့ချနိုင်ရေးနှင့် recycle ပြန်လည်အသုံးချရေး တို့ကိုလည်း အဘက်ဘက်က ဦးစားပေး ထည့်သွင်းစဉ်းစားကာ အုန်းခွံကြယ်သီးများကို အသုံးပြု ဖန်တီးထားပြီး၊ ပါကင် ထုပ်ပိုးမှုများကိုလည်း စွန့်ပစ်ပစ္စည်း တတ်နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ဂရုတစိုက် စီစဉ်လုပ်ဆောင်ပါတယ်။
မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးများ အချင်းချင်း ကူးလူးကုန်သွယ်၍ သဘာဝ တိုင်းရင်းသား မြန်မာ့ထုတ်ကုန်များစွာကို စဉ်ဆက်မပြတ် ရေရှည် ထုတ်လုပ်သွားနိုင်ရန် ကြိုးစား စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။