Wai Wai’s Place, its’ creator behind is Ms. Wai Wai who loves to share her traditional food and experiences.

She started Wai Wai’s Bed and Breakfast in 2013, with the aim to share authentic local homestay experiences with international travelers. Starting with a humble 4 rooms homestay, she grew the business successfully into a 5-storey, 18 rooms guesthouse that was fully booked every night. Her friendliness, lovely smiles and warm services were what won her the Traveler’s Choice Award every year from Trip Advisor.

You can try out Wai Wai’s healthy and special dishes, with influence from her hometown Moe Mite in northern Shan State, in her restaurant Wai Wai’s Place.

Her cookbook, ready-to-eat products such as fermented Shan soy bean and pounded chili are very popular as well.

Wai Wai also teaches her cooking. She had done a Shan Cooking Class at She Creates showroom recently.

Wai Wai’s Place ကို ဖန်တီးသူက “ဒေါ်ဝေဝေ” ပဲ ဖြစ်ပါတယ်။ ဒေါ်ဝေဝေဟာ သူမရဲ့ ရိုးရာ အစားအသောက်‌ လက်ရာတွေနဲ့ အတွေ့အကြုံတွေကို မျှဝေရတာ နှစ်သက်သူတစ်ဦးပါ။

၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို Local Homestay experience ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ Wai Wai Bed and Breakfast ကို အစပျိုးခဲ့ပါတယ်။ အခန်း ၄ ခန်းနဲ့ စတင်ခဲ့တဲ့ သူမရဲ့ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းဟာ ပိုမိုအောင်မြင်လာတာကြောင့် ၅ ထပ်တိုက်၊ အခန်းပေါင်း ၁၈ ခန်းနဲ့ နေ့စဉ် ဧည့်သည်ပြည့်တဲ့အထိ ကြီးထွားလာခဲ့ပါတယ်။ သူမရဲ့ ဖော်ရွေပျူငှာမှုနဲ့၊ ချစ်စရာကောင်းတဲ့ အပြုံး၊ နွေးထွေးတဲ့ဝန်ဆောင်မှုတွေကြောင်း Trip Advisor မှာ နှစ်စဉ် Traveler’s Choice Award ကို ရရှိခဲ့ပါတယ်။

မဝေဟာ သူမရဲ့မွေးရပ်ဇာတိမြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အထူးစပါယ်ရှယ်ဟင်းလျာများကို လူအများ မြည်းစမ်းကြည့်နိုင်စေရန် Wai Wai’s Place စားသောက်ဆိုင်ကို လက်ရှိမှာ ဖွင့်လှစ်ထားပါတယ်။

Wai Wai’s Cooking Receipt Book, Wai’s Wai’ ရှမ်းပဲပုတ် ငရုတ်သီးထောင်းတို့ဟာဆိုရင် နိုင်ငံတကာက လက်မလည်အောင် ဝယ်ယူအားပေးနေကြပါတယ်။

ဒေါ်ဝေဝေက ရှမ်းအစားအစာ ချက်ပြုတ်နည်းသင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပြီး “She Creates/ သူမလက်ရာ” ပြခန်းမှာ Wai Wai’s Shan Cooking Class ကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။