အမျိုးသမီးတွေအတွက် မြတ်နိုးတန်ဖိုးထားစရာ ရတနာလေးတွေ ဖန်တီးပေးမယ်လို့ ရည်ရွယ်ပြီး “Her Yadanar” လို့ အမည်ပေးထားတာပါ။

Her Yadanar ဟာ မြန်မာ့တွင်းထွက်ကျောက်များနဲ့ လက်မှုအနုပညာ အမျိုးမျိုးကို ပေါင်းစပ်ပြီး လက်ဝတ်ရတနာတွေ ဖန်တီး‌နေပါတယ်။ ယုံကြည်မှုအပြည့်နဲ့ မှန်ကန်တဲ့ ပစ္စည်းများကို ဝယ်ယူသုံးစွဲသူများထံ ဝန်ဆောင်မှု ပေးနိုင်အောင် Diploma in Applied Jewelry Professional (A.J.P) ကို Gemological Institute of America မှာ ‌တက်ရောက်လေ့လာခဲ့ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာလည်း ethical gemstone များကို ရွေးချယ် အသုံးပြုပါတယ်။

ပုတီးသီခြင်းအနုပညာ၊ ကြိုးထိုး လက်မှုပညာဖြင့် လက်ဝတ်ရတနာ ပြုလုပ်ခြင်း၊ ဝါယာကြိုးများဖြင့် လက်ဝတ်ရတနာ ပြုလုပ်ခြင်း၊ သဘာ၀တွင်းထွက် ကျောက်အရိုင်းများနှင့် လက်၀တ်ရတနာ ပြုလုပ်ခြင်း၊ ပန်းတိမ်ပညာရပ်စသည်တို့ဖြင့် ဝတ်ဆင်မယ့်သူ တစ်ဦးချင်းစီ စိတ်တိုင်းကျအောင် အော်ဒါ လက်ခံပြုလုပ်ပေးပါတယ်။

၂၀၁၉ ခုနှစ်မှ စတင်ပြီး အားလပ်ချိန်မှာ အပိုဝင်ငွေရှာချင်တဲ့ အမျိုးသမီးတွေနဲ့ ဝါသနာရှင်တွေအတွက် ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်နည်း သင်တန်းတွေကို ပို့ချ ပေးနေပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း heryadanar.com ကို စတင်မိတ်ဆက်ပြီး အနယ်နယ်အရပ်ရပ်က စိတ်၀င်စားသူတွေ လေ့လာနိုင်ဖို့ online learning platform တစ်ခု ဖန်တီးခဲ့ပါတယ်။ Covid ကာလမှစတင်လို့ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြောင့် လိုအပ်သူတွေကို တနိုင်တပိုင် စီးပွားရေး စတင်နိုင်အောင် ပညာဒါန သင်ကြားပေးနေပါတယ်။

Her Yadanar ရဲ့ ဖန်တီးမှုလက်ရာတွေကနေ အခါအခွင့်သင့်သလို လူမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို awareness ပေးချင်တဲ့ ဆန္ဒကြောင့် ဧရာဝတီလင်းပိုင်များ လျော့နည်းလာမှုအား ထိန်းသိမ်းရန် လင်းပိုင်နားကပ်လေးကို တမြတ်တနိုး ဖန်တီးခဲ့ပါတယ်။

LGBT များကို စာနာနားလည်ဖို့ Pride-themed ဆွဲကြိုးလေးနဲ့ message ပေးခဲ့ဖူးပါတယ်။ လက်ရှိမှာ Recycle Glass Jewelry လေးတွေ ထုတ်ဖို့ ရှိပါတယ်။
အနာဂတ် ရည်မှန်းချက်အနေနဲ့ လူမှုဝန်းကျင်ကို အထောက်အကူပြုမယ့် ရတနာတွေကို ပိုမိုဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။