ကချင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ မ L ဆိုင်းအောန် (L Seng Awn) ဟာ မသန်စွမ်း အမျိုးသမီးတစ်ဦးပါ။ သူမအနေနှင့် “မသန်းစွမ်း အမျိုးသမီးများဟာလဲ ကိုယ့်အစွမ်းအစကို အားကိုးပြီး ရပ်တည်နိုင်တယ်။ မိသားစုကို ပံ့ပိုးနိုင်တယ်။ လူ့မှုဝန်းကျင်ကိုအကျိုးပြုတဲ့အလုပ်တွေ လုပ်ဆောင်နိုင်တယ်” ဆိုတာကို ပြသချင်သူ တစ်ဦး ဖြစ်ပါတယ်။
 
၂၀၀၂ ခုနှစ်တွင် Mandalay HITO Center တွင် Sayama YAMAJI ထံမှ လက်မှုပန်ထိုး လက်ချုပ်အပ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းများကို သင်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ AAR Japan မသန်စွမ်းသင်တန်းကျောင်းတွင် စက်ချုပ်သင်တန်းကို သင်ကြားခဲ့ပါတယ်။
 
အဝတ်အထည်များကို လက်ခံချုပ်လုပ်ရင်း ၂၀၁၅ ခုနှစ်မှစတင်၍ လက်မှုပစ္စည်းများ၊ လက်ကိုင်အိတ်များ၊ ဟန်းမိတ် fashion accessories များကိုပါ Companions Handmade Accessories အမည်ဖြင့် ပြုလုပ်ရောင်းချခဲ့ပါတယ်။
 
ပုလဲ၊ ကျောက်စိမ်း၊ ပယင်း၊ သစ်သား၊ သဘာဝကျောက်၊ ကချင်ရိုးရာ အဆင်တန်ဆာများ၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်း၊ သိုးမွှေး၊ အုန်းခွံနှင့် ဖန်စီပစ္စည်းများကို အသုံးပြု၍ လက်ဝတ်ရတနာများ ဖန်တီးပြုလုပ်ပါတယ်။ သူမဖန်တီးထား‌သော ဒီဇိုင်းများတွင် ကချင်ရိုးရာအငွေ့အသက်များကို ခံစားနိုင်ပါတယ်။
 
အနာဂတ် မျှော်မှန်းချက်အနေနှင့် မသန်စွမ်းအမျိုးသမီးများ၏ဘဝ ပိုမိုမြင့်မားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပိုမိုပါဝင်လာနိုင်ရန် ရည်ရွယ်ပါတယ်။