
The specialty of SOE Bags is implementing Myanmar handcraft Fabric Buttons in her bags, irrespectively it was orthodox to mainly use them in clothings, it became a motif and a specialty feature of her brand as a depiction of old Burmese fancies in fashion. With that specialty and design it became her value to appliance the Fabric Buttons in her handcrafted commodity.
With the gratitude of her design, she started making hand bags, phone bags and crossbody bags using Myanmar local fabrics from Inle, Dawei and traditional fabrics made from the technique of back strap weaving.
မတင်တင်စိုးသည် Pann Nann Eain ပန်းနန်းအိမ်၏ ဖန်တီးသူတဦး အဖြစ်မှ ပန်းနန်းအိမ်၏ ဖန်တီးမှုများမှ တဆင့် စိတ်ကူးသစ်များ ရရှိကာ ကိုယ်ပိုင်ဖန်တီးမှုများဖန်တီးနိုင်ရန် “SOE Bag Collection” အမည်နှင့် အိတ်များကို ကိုယ်တိုင် စတင် ဖန်တီးခဲ့ပါသည်။
ကိုယ်ပိုင်စိတ်ကူး ပုံဖော်ထားသော ဖန်တီးမှု ဖြစ်လာစေရန် စိတ်ကျေနပ်သည်အထိ အမျိုးမျိုး စမ်းသပ်ဖန်တီးခဲ့ပြီး ၃ လကြာမှသာ သူမကို စိတ်ကျေနပ်စေသည့် design တခု ရရှိခဲ့ပါသည်။
SOE bags ၏ အဓိကထူးခြားချက်မှာ မြန်မာ့လက်မှုလက်ရာ ပုစဉ်းခေါင်းထုပ်သီး၏ ဖန်တီးပုံနှင့် ထူးခြားလှပပုံ တို့ကို တန်ဖိုးထားပြီ ရှေးအစဉ်အဆက် ကတည်းက အင်္ကျီအဝတ်အစားများတွင်သာ အသုံးပြုလာကြသည်ကို တခေတ်ဆန်းပြီး အိတ်အမျိုးမျိုးတွင် အသုံးပြုရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ ၎င်းအချက်သည် SOE bags brand ဖန်တီးသူများနှင့် သုံးစွဲသူများအတွက် တန်ဖိုးထားစရာအချက် ဖြစ်သည်။
ထိုတန်ဖိုးထားမူကြောင့် ပုစဉ်းခေါင်းထုပ်သီးများဖန်တီး၍ အိတ်ကြိုးများ ပြုလုပ်ပြီး SOE bags brand အိတ်တိုင်းတွင်း မပါမဖြစ် အသုံးပြု ဖန်တီးထားသည်။
နောက်တခု တန်ဖိုးထားမှုအနေနှင့် SOE bagsများတွင် ပြည်တွင်းဖြစ် အင်းလေးချည်၊ ထားဝယ်အဆင်ချည်နှင့် ဂျက်ခုတ်ထည် တို့ကို အသုံးပြုပြီး ဖုန်းအိတ်၊ လက်ချိတ်အိတ်နှင့် ဘေးလွယ်အိတ်များကို ချုပ်လုပ်ထားသည်။
အများနှင့် အလုပ်လုပ်နေရာမှ မိမိကိုယ်ပိုင် brand တခုကို မတင်တင်စိုး တည်ဆောက်လာနိုင်ခြင်း ဖြစ်သည်။