Ms. Htet Htet Aung, has had a passion for art ever since her childhood, and in 2019, she took a significant step of her artistic journey by graduating with a Diploma in Painting from NUAC (National University of Art and Culture). She is an Artist and founder of Aurora Art Studios and HOPE Bakery.
By 2022, where she teaches art to children and paints as a passion, and Hope Bakery, where she delved into the realm of dessert crafting, giving rise to the inception of HOPE. Her aspiration was to amalgamate the realms of art and culinary creations.
Under the banner of “BE Happy with HOPE”, the mission is to cultivate and disseminate joy. Furthermore, the endeavor involves introducing fresh dessert offerings crafted from locally sourced Myanmar ingredients.
HOPE Bakery ကို စတင်တည်ထောင်ခဲ့သော မထက်ထက်အောင်သည် ငယ်စဉ်ကတည်းက ပုံရေးခြစ်ရသည်ကို ဝါသနာပါခဲ့ပြီး 2019 ခုနှစ် NUAC (အနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ်) မှာ ပန်းချီ Diploma ဘွဲ့ယူခဲ့ပြီး ပန်းချီကားများကို စတင်ရေးဆွဲရင်း သူမ၏အနုပညာခရီးကို စတင်ခဲ့ပါသည်။ Aurora Art Studio ကိုလည်း ဖွင့်လှစ်ပြီး ပုသိမ်ထီးများ၊ တူရိယာပစ္စည်းများပေါ်တွင် မြန်မာမှု ကနုတ်ပန်းချီများ ရေးဆွဲဖန်တီးလျက်ရှိပါသည်။ သူမသည် medium အကန့်အသတ်မရှိ အနုပညာဖန်တီးမှုများ ဖန်တီးတတ်သောသူ တဦးဖြစ်သည်။
2022 ခုနှစ်တွင် ကလေးများကို ပန်းချီအနုပညာရပ်များကို သင်ပေးသည့် အပြင် သူမ၏ ဖန်တီးမှုအသစ်အနေနှင့် အချိုပွဲဖန်တီးမှု နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး HOPE Bakery ကို စတင်ခဲ့သည်။ သူမ၏ ဆန္ဒဖြစ်သည့် အနုပညာနှင့် အချက်အပြုတ် ဖန်တီးမှု နယ်ပယ်များကို ပေါင်းစပ်ရန်ဖြစ်သည်။
“BE Happy with HOPE” ဟူသော ရည်မှန်းချက်အတိုင်း ပျော်ရွှင်မှုကို မွေးမြူရန်နှင့် ဖြန့်ဝေရန် ရည်ရွယ်ပြီး ပြည်တွင်းထုတ် မြန်မာ့ကုန်ကြမ်းပစ္စည်းများနှင့် ဖန်တီးထားသော လတ်ဆတ်သည့် အချိုပွဲများကို မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။