A skilled member of SheCreates, Ms. May Thet Lwin, who embarked on a creative journey after two decades as a designer, she established her very own brand “The Charm” in December 2018.

The Charm has a home workshop and they focus extends beyond fashion to encompass an array of offerings, including ready-to-wear garments, handbags, shoes, and even bed sheets adorned with their distinct designs. Upholding a commitment to superior quality, their approach revolves around craftsmanship rather than mass production.

Within a quaint home workshop, traditional techniques come to life as every fabric piece is carefully hand-cut, contributing to their intricate handmade process. Guided by time-honored methods, they meticulously shape each fabric element, transforming them into pieces of art within their cozy workshop setting. They mostly choose to use ecofriendly materials such as cotton and natural dye.

ဒီဇိုင်းနာ အနေနဲ့ နှစ်ပေါင်း ၂၀ ကြာ ရပ်တည်ခဲ့တဲ့ မမေသက်လွင်ဟာ သူ့အိမ်မက်ဖြစ်တဲ့ the Charm ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဒီဇင်ဘာ ၂၀၁၈ မှာ စတင် တည်ထောင်ခဲ့ပါတယ်။

the Charm မှ အသင့်ချုပ် အဝတ်အထည် (Ready to wear) မျိုး အပြင်၊ လက်ကိုင်အိတ်၊ ဖိနပ်၊ အိပ်ရာခင်း တို့ကိုလည်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖန်တီးထုတ်လုပ် ပါတယ်။ အရေအတွက် အများအပြား မထုတ်လုပ်ပဲ၊ အရည်အသွေး အဓိကထား ထုတ်လုပ်တဲ့ ပုံစံနဲ့ လုပ်ကိုင်ပါတယ်။

လက်ဖြင့် ဖန်တီးချုပ်လုပ်တဲ့၊ သမားရိုးကျ အိမ်တွင်း လုပ်ငန်းပုံစံနဲ့ တထည်ချင်းစီကို အချိန်ပေး ဒီဇိုင်းထုတ် ချုပ်လုပ်ပါတယ်။

အရည်အသွေး စိတ်ချရခြင်း၊ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်ခြင်း တို့ကြောင့် the Charm ရဲ့ အထည်တွေက ဝတ်ဆင်သူအတွက် အများနဲ့မတူတဲ့ပုံစံ ရှိစေပါတယ်။ သဘာဝချည်၊ သဘာဝဆိုးဆေးကို အဓိကထား အသုံးပြုတဲ့အတွက်၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ အနေနဲ့ ရွေးချယ် သုံးစွဲနိုင်တဲ့ အမှတ်တံဆိပ် တစ်ခု ဖြစ်ပါတယ်။