Huu Logo

“Huu” is a skincare brand. Huu was founded by Dr. Phway Nu Moe @ Naw Wah Khu Hser, a Karan and Burmese mixed blood woman. With the intention to start a skincare brand that is very minimal, simple and healthy, Huu was made.

Huu was founded in 2022 as a tribute to Karen people. Huu means “white rice” in Sakaw Karen. Rice was chosen as a main ingredient in the products because it plays an important role in the life of Karen people as well as the whole country throughout history.

Huu used Rice and Oat as main ingredients of the products and glass and woods for packaging.

Products are Huu rice and oat cleanser, Huu rice and oat emulsion and Huu Rice Bran Body Oil.

Benefits of Rice: The richness of Amino acids help slows down the aging process; It prevents the formation of wrinkles by stimulating the ability of the skin to contract; Provides brighter and clear beauty; It supports the relief of eczema, dermatitis and other skin problems by preventing the skin from drying out.: In addition, it regulates the oiliness.

Benefits of Oats: Supplements the necessary for healthy skin, and it regulates microbes that grow naturally on the skin; Provides protection from harmful bacteria and UV rays; By preventing the skin from drying out, it relieves skin problems such as eczema and psoriasis; It contains natural saponins, so it can absorb dirt effectively.

Huu ဆိုတဲ့ အသားအရည် ထိန်းသိမ်းတဲ့ ထုတ်ကုန် တံဆိပ် (skincare brand) ဖြစ်ပါတယ်။ Huu ကို ကရင်-ဗမာလူမျိုး၊ Dr. Phway Nu Moe @ Naw Wah Khu Hser က 2022 ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး၊ ရိုးရှင်းစွာ အသားအရေကို လှပအောင်ထိန်းသိမ်းပေးတဲ့ brand ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ Huu ဆိုတာ စကောကရင်လို “ထမင်းဖြူ” လို့ အဓိပ္ပာယ်ရပါတယ်။ ကရင် ဘာသာစကားနဲ့ Huu ဆိုပြီး နာမည်ပေးထားတာပါ။ ထမင်းဖြူကို အဓိက ပါဝင်ပစ္စည်း အနေနဲ့ အသုံးပြုရတာက၊ ကရင်လူမျိုးတွေ သာမက မြန်မာတစ်ပြည်လုံး ထမင်းဖြူကို အဓိကထား စားကြတာကြောင့်လည်း ဖြစ်ပါတယ်။

ထုတ်ကုန်များကို ဆန် (rice) နဲ့ အုတ်ဂျုံ (oat) ကို အသုံးပြုပြီး၊ ထုတ်ပိုးမှုကို ဖန်ပုလင်းနဲ့ သစ်သားအဖုံးတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် သဘာဝနဲ့ လိုက်လျောညီတဲ့ (eco friendly) အရာလည်း ဖြစ်ပါတယ်။

ဆန် (rice) – amino acid ကြွယ်ဝလို့ အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးကွေးစေတယ်။ အသားရည်ရဲ့ ကျုံ့ဆန့်နိုင်မှုစွမ်းရည်ကို နိုးကြားစေလို့ အရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးတယ်။ အသားဖြူတယ် ဆိုတာထက်၊ အရောင်အဝါ တောက်ပ ကြည်လင်တဲ့ အလှမျိုးကို ပေးစွမ်းတယ်။အသားရည် ခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးလို့ (eczema၊dermatitis) စတဲ့ အရည်ပြား ပြဿနာတွေ သက်သာအောင် ပံ့ပိုးပေးတယ်။ နေလောင်ခြင်း၊ နီမြန်းယောင်ယမ်းခြင်း တို့ကိုလည်း သက်သာစေတယ်။ အဆီမပြန်အောင်လည်း ထိန်းညှိပေးတယ်။

အုတ်ဂျုံ (oat) – အသားအရည် ကျန်းမာဖို့အတွက် လိုအပ်ပြီး၊ အရေပြားပေါ်မှာ သဘာဝအတိုင်း ရှင်သန်ပေါက်ဖွားနေတဲ့ ပိုးမွှားလေးတွေ (microbes) ကို ထိန်းညှိပေးတယ်။ မကောင်းတဲ့ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်မှုပေးတယ်။ အသားရည်ခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးလို့ (eczema၊psoriasis) စတဲ့ အရည်ပြားပြဿနာတွေကို သက်သာစေတယ်။ သဘာဝအတိုင်း (saponins) များ ပါဝင်နေလို့ အညစ်ကြေးတွေကို ထိထိရောက်ရောက် စုတ်ယူဖယ်ရှား ပေးနိုင်တယ်။

Huu Rice and Oat Cleanser

Cleanser ဆိုတာ micellar water လား၊ makeup remover လားလို့ ခဏခဏ မေးကြလို့ ရှင်းပြပါရစေ။ Cleanser ဆိုတာ ဆပ်ပြာပါပဲ။ မျက်နှာမှာရော ခန္ဓာကိုယ်မှာပါ အသုံးပြုလို့ ရတဲ့ နုညံ့သော ဆပ်ပြာရည်ပါ။

Huu Rice and Oat Emulsion

Emulsion က Huu ရဲ့ လူကြိုက်များတဲ့ ထုတ်ကုန်ပါ။ Emulsion ဆိုတာ moisturizer လို၊ lotion လို၊ moisturizing step မှာ လိမ်းပေးရတာ ဖြစ်ပါတယ်။ Light weight ဖြစ်လို့ Oily skin သမားတွေ ကနေ Dry Skin အထိ all skin type အဆင်ပြေပါတယ်။ Face and Body အသုံးပြုလို့ ရပါတယ်။ အနံ့က ဆန်နံ့သင်းသင်းဖြစ်လို့၊ စိတ်ကို ပြေလျော့စေပါတယ်။

Huu Rice Bran Body Oil

ဖွဲနုဆီ သီးသန့်နဲ့ ပြုလုပ်ထားတဲ့ Huu ရဲ့ body oil ပါ။ Vitamin E နဲ့ လိုအပ်တဲ့ သတ္ထုဓာတ်တွေ ပြည့်ဝစွာပါဝင်လို့ အသားရည်ရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်၊ အနာကျက်မြန်စေတယ်။ အသားမာတတ်တာ၊ အသားရည် နီမြန်းရောင်ရမ်းတာတွေ ကာကွယ်ပေးပါတယ်။ နေ၊ရေ၊လေ ထိတွေ့မှု့ကြောင့် ဖြစ်ပေါ်လာတဲ့ အသားရည် ညစ်ညမ်းခြင်း၊ အရေးကြောင်း ဖြစ်ပေါ်ခြင်းကို သက်သာစေတယ်။ Dry, Combination, Acne prone, sensitive skintype အားလုံး အတွက် အဆင်ပြေတယ်။ makeup remover ကောင်း တစ်ခု ဖြစ်ပါတယ်။