“မဒိုင်ရှရီ/Madai Shayi” ဆိုတဲ့ အမည်က ကချင်လူမျိုးတို့ရဲ့ ဒဏ္ဍာရီပုံပြင်ထဲက ချောမောလှပလွန်းတဲ့ မိန်းကလေးလို့ အဓိပ္ပါယ်ရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ BEAM Education Foundation က သင်ကြားပေးတဲ့ အလှဆင်လက်ဝတ်ပစ္စည်း ပြုလုပ်နည်း ရက်တိုသင်တန်းကို မဒိုင်ရှရီ လုပ်ငန်း ထူထောင်သူက ၂၀၁၁ ခုနှစ်မှာ တက်ရောက် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် လုပ်ငန်း စချိန်မှာ ကချင်လူမျိုး သင်တန်းဆရာမက “မဒိုင်ရှရီ” ဆိုတဲ့ နံမည် ပေးသလို၊ လုပ်ငန်းပုံစံ အလှအပ အသုံးအဆောင်နဲ့လည်း လိုက်တဲ့အတွက် “မဒိုင်ရှရီ – အလှဆင်ပစ္စည်းများ/ Madai Shayi Accessories” ဖြစ်လာခဲ့တာပါ။

“မဒိုင်ရှရီ” ရဲ့ ပစ္စည်းတွေကို ကြိုးကျစ်နည်းကို အခြေခံပြီး၊ ရောင်စုံ ကျောက်သလင်း၊ ပယင်း၊ ဖန်စေ့ စတာတွေသုံးပြီး အလှဆင်ပါတယ်။ အသားအရည်နဲ့ ဓာတ်မတဲ့မှု နည်းတဲ့ ဖယောင်းချည်ကြိုးကို အသုံးပြုပါတယ်။ မြန်မာပြည်ကထွက်တဲ့ အင်ကြင်းကျောက်တုံးတွေနဲ့ သီကုံး ဖန်တီးထားတဲ့ အလှဆင် ပစ္စည်းကလည်း “မဒိုင်ရှရီ” ရဲ့ ဖန်တီးမှုတခု အဖြစ် ဦးစားပေး ထုတ်လုပ်ပါတယ်။ အသားအရည်နဲ့ လိုက်ဖက်တဲ့ ချည်ကြိုး၊ ကြာချည်ကြိုးတို့နဲ့လည်း ထုတ်လုပ်ပါတယ်။

မဒိုင်ရှရီမှ ပြုလုပ်သော ပစ္စည်းများကို ရွေးချယ်ရာမှာ ဓာတ်မတဲ့မှု ဖြစ်စေတဲ့ ပစ္စည်းမျိုး၊ ပလတ်စလစ်ဖြင့် ပြုလုပ်တဲ့ ပစ္စည်းမျိုးကို ရှောင်ကျဉ်ပါတယ်။ တန်ဖိုးမကြီးသည့် သဘာဝတွင်းထွက် ပစ္စည်း၊ သစ်သား၊ မြေမီးဖုတ် ပုတီးစေ့၊ သစ်စေ့တို့ကို တွဲစပ် အသုံးပြုပါတယ်။