The J Knot founder, Naw Fuji San said “while I was suffered from the failure and difficult situation in my life, I discovered the value of myself by creating Macrame handmade.” I am very happy to see my finished products. In order to reflect my feeling, it was started in November 2021, and named as “Enjoy the moment with J knot.”

J Knot is creating a variety of Macrame handmade products such as wall hangings, bags, plant hangers, coasters, key chains, accessories, etc.

J Knot‘s goal is to share a professional knowledge with those who are struggling and need a livelihood. In the future, she is expected to open J Knot Craft and Souvenir shop.

She added “we care our customers’ concerns and the quality of our craftmanship. We listen the clients feedback as well. Customization is available depending on the clients’ preferences.”

J Knot သည် ခက်ခဲရှုံးနိမ့်မှုများ ကြုံတွေ့ရချိန်တွင် မိမိကိုယ်တိုင် ဖန်တီးလိုက်သော လက်မှု အနုပညာမှ တဆင့် မိမိ၏တန်ဖိုးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာမှ စတင်ခဲ့ပါတယ်။

နှလုံးသားဖြင့် ဖန်တီးထားသော လက်မှုပစ္စည်းများကို မြင်တွေ့ရသည့် အခိုက်အတန့်လေးတွင် စိတ်ကြည်နူးမှုကို ခံစားရရှိနိုင်ရန်အတွက် အစဉ်တစိုက် လုပ်ကိုင်လိုသော ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် “Enjoy the Moment with J Knot” ဟူ၍ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

Macrame Handmade ပစ္စည်းများကို ပြည်တွင်း မြန်မာချည်များနှင့် ပြည်ပမှ တင်သွင်းသော Macrame ချည်များကို အသုံးပြု၍ မာခရာမီနှင့် ဆက်စပ်သော Wall Hanging, Bag, Plant Hanger, Coaster, Key Chain, Accessories အစ ရှိသော ပစ္စည်းများကို ဖန်တီးပါတယ်။

အနာဂတ်တွင် လက်မှုအတတ်ပညာအား မိမိကဲ့သို့ အခက်အခဲ ကြုံတွေ့နေသူများနှင့် အသက်မွေးဝမ်းကျောင်းမှု လိုအပ်သူများအတွက် ကျွမ်းကျင်မှု ပညာရပ်တခု အနေဖြင့် မျှဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် J Knot Craft Souvenir ဆိုင် ဖွင့်နိုင်ရန် မျှော်မှန်းထားပါတယ်။

J Knot မှ လက်မှုပစ္စည်းများ၏ သေသပ်ခိုင်ခံ့မှုနှင့် အရည်အသွေးကို ပထမဦးစားပေးအနေဖြင့် ထားရှိပါသည်။ ဝယ်ယူသူများအား အသုံးပြုသောချည်နှင့် အရည်အသွေးကို သေချာစွာရှင်းပြပြီး စိတ်တိုင်းကျ အမှာများကို လက်ခံ ဆောင်ရွက်ပေးနေပါတယ်။