Good Seed Children’s Home (GSCH) ကို ၂၀၀၉ ခုနှစ်မှာ ဇနီးမောင်နှံ ၂ ဦးက ဝေးလံခေါင်ဖျားတဲ့ဒေသမှ ကျောင်းနေအရွယ် ကလေးများ၊ စစ်ရှောင်ဒေသမှ ကျောင်းနေအရွယ် ကလေးများ၊ မိဘမဲ့ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေဖို့ အတွက်၊ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ စတင်ခဲ့တဲ့ “ကလေးအိမ်” ဖြစ်ပါတယ်။

GSCH Local Handmade ကို ကလေးငယ်များ ကျောင်းစာပြင်ပ၊ ဘဝအတွက် လက်မှုအတတ်ပညာ တခုခု တတ်မြောက်‌စေရန်၊ ငွေကြေး​ တန်ဖိုး၊ လုပ်အား​ တန်ဖိုးကို သိရှိစေရန်တို့ အတွက် ဖြစ်ပြီး၊ သူတို့ ဖန်တီးထားသော လက်မှုပစ္စည်းများကို လုပ်အားခပေး လုပ်ကိုင်စေပါတယ်။

သင်ဖြူး၊ ဂျုံရိုး၊ Bkk ပိုက်ကြိုး ကဲ့သို့သော ကုန်ကြမ်းတွေကို အသုံးပြုပြီး၊ အမျိုးသမီး လက်ကိုင်အိတ် အမျိုးမျိုး ထုတ်လုပ်ကာ ပုံမှန်လည်ပတ်ရန် ကြိုးစားနေပါတယ်။

အနာဂတ်ရည်မှန်းချက်အနေနဲ့ ကလေးတွေရဲ့ လက်မှုပစ္စည်း ဆိုင်တဆိုင် ဖွင့်နိုင်ရန်နှင့် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန်တို့ ဖြစ်ပါတယ်။

ကလေးအိမ်မှ ဖန်တီးမှုများတွင် အမှား တစုံတရာ ဖြစ်ပေါ်လာပါက ဖန်တီးမှုအသစ်နှင့် လဲလှယ်ပေးခြင်း၊ ငွေပြန်အမ်းခြင်း၊ ဝယ်ယူသူကြောင့် ပျက်ဆီးခဲ့သော် လက်ခမယူပဲ ပြန်ပြင်ပေးခြင်း ကဲ့သို့သော တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ပေးပါတယ်။