In 2019, Leslion Handbags was founded by designer Jannie Huang in collaboration with local and disable women who are skilled in handcrafting.

The meaning of Le LionLeslion” is defined as a strong woman who is brave like a lion and can stand on her own feet.

Designer Jannie Huang majored in fashion design at Raffles International College Bangkok in 2013 and graduated with a Bachelor’s degree from Raffles International College Hong Kong in 2016.

Leslion handbags are made with high-quality pearls, hardwood, Burma Padauk and ironwood, Kantkaw beads. We produce different designs and Burmese principles by using kamko silk and high-quality international level development and production.

In order not to lose the atmosphere of Burmese, the inside of the bag is made using toile de jouy painting technique about famous places and Burmese traditional images.

Leslion is confident that it will be able to penetrate the domestic and foreign markets.

လေလီယွန် (Leslion) ဟန်းမိတ်အိတ် ကို ပြည်တွင်း လက်မှုပညာရှင် အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများနဲ့ လက်တွဲကာ ဒီဇိုင်းနာ Jannie Huang က ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါ။

လေလီယွန် (Leslion) ရဲ့ အဓိပ္ပာယ်က ခြင်္သေ့ကဲ့သို့ ရဲရင့်ပြီး အမှီအခိုကင်းစွာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ သန်မာတဲ့အမျိုးသမီး တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရတာကို ပြင်သစ်စကားလုံး “Le lions” ကနေမှ လေလီယွန် Leslion ဆိုပြီး ဖန်တီးယူလိုက်ခြင်း ဖြစ်ပါတယ်။

ဒီဇိုင်နာ Jannie Huang ဟာ ၂၀၁၃ ခုနှစ်တွင် Raffles International College Bangkok တွင် Fashion design major သင်ယူခဲ့ပြီး ၂၀၁၆ တွင် Raffles International college Hong Kong မှ bachelor’s degree ဘွဲ့ရခဲ့ပါတယ်။

Leslion ဟန်းမိတ်အိတ်တွေကို အရည်သွေးကောင်းတဲ့ ပုလဲနဲ့ မြန်မာပြည်ထွက် သစ်သားတွေ ဖြစ်တဲ့ ပိတောက်၊ ပျဉ်းကတိုး၊ ကံကော် တို့ကို အသုံးပြုပြီး၊ ကွဲပြားတဲ့ ဒီဇိုင်းနှင့် မြန်မာ့ယဉ်ကျေးမူကို ပေါင်းစပ်ပြီး အရည်သွေးမြင့် နိုင်ငံတကာအဆင့်မီ ဖန်တီး ထုတ်လုပ်ပါတယ်။

မြန်မာမှုအငွေ့အသက်များ မပျောက်ကွယ်အောင် အိတ်၏ အတွင်းသားကို မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် မြန်မာ့ရိုးရာပုံများ ထည့်သွင်းပြီး Toile de jouy ပန်းချီနည်းပညာ အသုံးပြုကာ ပြုလုပ်ထားပါတယ်။

Leslion ဟာ ပြည်တွင်းသာမက ပြည်ပ‌ဈေးကွက်ထိ ထိုးဖောက်နိုင်မည်ဟု ယုံကြည်မှုရှိရှိဖြင့် ဖန်တီးမှုများ ပြုလုပ်နေပါတယ်။