ပြည်တွင်းဖြစ် လက်ကိုင်အိတ်တွေကို လက်ရာမြောက်စွာ ဖန်တီး ထုတ်လုပ်နိုင်သည့် HLA PA – Burma Boutique by HtetThit ဖြစ်သည်။

HLA PA ရဲ့ ပဲ့ကိုင်ရှင် မသစ္စာထွန်းက ၂၀၂၁ ဒီဇင်ဘာမှာ စတင်တည်ထောင်ခဲ့သည်။ ပြည်တွင်းဖြစ် ချည်ထည်များနှင့် ဖက်ရှင်ကျ လှပ၊ အရည်အသွေးကောင်း၊ ဈေးနှုန်းသင့်၊ လက်ကိုင်အိတ်တွေ အဖြစ် အသုံးပြုနိုင်အောင် ရည်ရွယ် ထုတ်လုပ်သည်။

HLA PA အိတ်တွေကို ပခုက္ကူချည်၊ အင်းလေးချည် အစများကို အဓိက အသုံးပြုထားပြီး၊ ညစ်ပေလျှင် လျှော်ရ လွယ်ပြီး၊ အပေခံ၊ အကြမ်းခံသည်။

HLA PA မှ ခေါက်ပိုက်ဆံအိတ် – Wallet ၊ ပုခုံးလွယ်အိတ် – Shoulder Bag ၊ ဘေးလွယ်အိတ် – Sling Bag၊ လက်ကိုင်အိတ် – Tote Bag နှင့် ကျောပိုးအိတ်- Back Pack စတဲ့ အမျိုးအစား အစုံအလင် ထုတ်လုပ်သည်။ အိတ်တလုံးချင်းစီ အသေးစိတ် ဂရုစိုက် မွမ်းမံထားသလို၊ သေသပ်ခေတ်မီတဲ့ ထုတ်ပိုးမှုများပါ ပေါင်းစပ် ဖန်တီးထားသည်။

HLA PA အနေဖြင့် ခေတ်မီဒီဇိုင်းနှင့် အရည်အသွေးကောင်း အိတ်များ ပြည်တွင်းမှာ ထုတ်လုပ်လျက် ရှိပြီး၊ သက်မွေးဝမ်းကြောင်း အတတ်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမို ဖန်တီးပေးဖို့ မျှော်လင့်ရည်ရွယ်ထားသည်။