String Theory ဆိုတဲ့ Local Brand က တချောင်းထိုးနည်းအမျိုးမျိုးရှိတဲ့ အထဲကမှ micro-crochet လို့ခေါ်တဲ့ အနုစိတ်ထိုးနည်းကို အသုံးပြုပြီး သေးငယ်တဲ့ ပန်းပွင့်လေးတွေနဲ့ လက်ဝတ်တန်ဆာလေးတွေ ပြုလုပ်ရောင်းချတဲ့ လုပ်ငန်းငယ်လေး ဖြစ်ပါတယ်။
ဒီ String Theoryကို ယု ဆိုတဲ့ သူမကဖန်တီးခဲ့ပါတယ်။ Micro crochet ဆိုတာ တချောင်းထိုးနည်းကိုမှ ချည်မျှင်မျှင် အပ်သေးသေးလေးနဲ့ နာရီပေါင်းများစွာ အချိန်ပေးပြီး အနုစိတ် ဖန်တီးပြုလုပ်ထားတဲ့ လက်မှုအမျိုးအစား တခုလည်း ဖြစ်ပါတယ်။
သူမဟာ ပန်းတွေကို ချစ်မြတ်နိုးသူဖြစ်တဲ့အလျောက် သူမရှင်သန်နေထိုင်တဲ့ ကမ္ဘာလောကကြီးကိုလဲ ပန်းတွေနဲ့ပဲ ပြည့်နေစေချင်တဲ့စိတ်ကူးနဲ့ပါ။
ပြင်သစ်နိုင်ငံထုတ် quality အကောင်းစား ချည်ကုန်ကြမ်းပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး chain တွေ jump ring တွေကိုလဲ 14K gold plated items တွေသုံးထားလို့ နှစ်ကြာရှည်အောင် အသုံးခံတဲ့အပြင် formal & casual ဘယ် event မျိုးမှာမဆို လိုက်ဖက်တဲ့ အရည်အသွေးမြင့် accessories လေးတွေလဲ ဖြစ်ပါတယ်။
သူမအတွက် ဒီဖန်တီးမှုဟာ သူမချစ်တဲ့ သဘာဝ၊ သူမရဲ့ စိတ်ကူးစိတ်သန်းနဲ့ သူမရဲ့ နှလုံးအိမ်ကိုပါ ကိုယ်စားပြုနိုင်တဲ့ ဖန်တီးမှုတခုဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
အကျဉ်းချုံးအနေနဲ့ ပြောရရင် String Theory က
ပြည်တွင်းဖြစ် လက်မှုတွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီးအရည်အသွေးမြင့် လက်ရာတွေကို တီထွင်ဖန်တီးပေးနေတဲ့ Local Brand တခုပါ။