The Lady Logo

SheCreates သူမလက်ရာ ရဲ့ အဖွဲ့ဝင်တွေထဲမှာ အလှကုန်လုပ်ငန်းတွေလည်းပါဝင်ပြီး ဒီတခါ The LADY Beauty Products ဆိုတဲ့ အလှကုန် Brand အကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။

THE LADY Beauty Products ၏ Founder ဖြစ်တဲ့ သက်နှင်းဒါ က ဖက်ရှင်ဒီဇိုင်နာတဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက အနုပညာဖန်တီးမှု၊ လက်မှုပညာများကို နှစ်သက်သလို သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်လိုသူ တဦးလည်းဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက ဖက်ရှင်ဒီဇိုင်နာ တဦးအဖြစ် ရပ်တည်ခဲ့ပြီး COVID-19 ကြောင့် အလုပ်တွေရပ်နားထားချိန် ၂၀၂၀ ခုနှစ်မှာ သူမရဲ့ ဝါသနာ တခုဖြစ်တဲ့ Herbals များနှင့် လူသုံးကုန်၊ အလှကုန်များ ထုတ်လုပ်ရောင်းချဖို့ ပြည်တွင်း၊ ပြည်ပမှာ သင်တန်းတွေ တက်ရောက် သင်ယူခဲ့ပါတယ်။

သင်ယူခဲ့သမျှကို ပြန်လည်အသုံးချပြီး သဘာဝအလှကုန်များကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်သုံးစွဲတဲ့အပြင် နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများကို ဖြန့်ဝေသုံးစွဲတဲ့အခါ သုံးသပ်ချက်ကောင်းများစွာရရှိခဲ့ပါတယ်။

၂၀၂၁ နှစ် နှောင်းပိုင်းမှာ THE LADY Beauty Products များကို စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ထုတ်လုပ်ရာမှာလည်း ပြည်တွင်းမှထွက်ရှိတဲ့ သဘာဝထွက်ကုန်များကို ရနိုင်သမျှ အဓိကထား အသုံးပြုထုတ်လုပ်ထားပါတယ်။

THE LADY Beauty Products တွေကို အရည်အသွေးကောင်းသလို လူအများသုံးစွဲနိုင်တဲ့ ဈေးနှုန်းနဲ့ သတ်မှတ်ရောင်းချပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ

Rice Powder Scrub, Aloe Vera Scrub, Rice & Honey Soap, Tamarind Soap စတာတွေကို Limited Edition ထုတ်ကုန်အဖြစ် ထုတ်လုပ်ပါတယ်။

THE LADY Beauty Products ရဲ့ အသားအရေ ထိန်းသိမ်းတဲ့ အလှကုန်တွေထဲမှာ Coffee Scrub, Brown Sugar Scrub, Shikakai Scrub စတဲ့ အမျိုးအစားတွေရနိုင်ပြီး ကိုယ့်အသားအရေနဲ့ သင့်လျော်ရာကိုရွေးနိုင်ပါတယ်။

ရိုးရာတရော်ကင်ပွန်းခေါင်းလျှော်ရည် ကြိုက်သူများအတွက် သဘာဝတရော် ကင်ပွန်းသီးခေါင်းလျှော်ရည်အမှုန့်ကို THE LADY Beauty Products က ထုတ်လုပ်ထားပါတယ်။

THE LADY Beauty Products တွေကတော့ Coffee Scrub, Brown Sugar Scrub, Shikakai Scrub, Shikakai Powder, Herbal soaps, Herbal shampoo, Hair tonic oil နဲ့ သဘာဝ တရော်ကင်ပွန်း ခေါင်းလျှော်ရည် အမှုန့်တို့ ဖြစ်ပါတယ်။