ပန်းချီကို canvas ပေါ်မှာမဟုတ်ဘဲ အသုံးအဆောင်တွေနဲ့ ပေါင်းစပ်ပြီး ဆန်းပြားတဲ့ လက်နှင့်ရေးခြယ်ထားသော ပစ္စည်းတွေကို ”မေချေ” May Chay Handpainted Local Product က ထုတ်လုပ်ပါတယ်။ မေချေကို ဆန္ဒနှင့် လူငယ် အနုပညာရှင် ၂ယောက်မှ ၂၀၁၉ ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
မေချေ မှ လက်နှင့်ဆေးခြယ် ဖန်တီးထားသည့် အိတ်၊ ပုဝါ၊ ခေါင်းစည်းကြိုး၊ သစ်သားနားကပ်၊ ခရုပန်းချီနားကပ်၊ ပိတ်စနှင့် ပြုလုပ်သော စာအုပ်ညှပ်၊ သစ်သားဘီး အစရှိတဲ့ အသုံးအဆောင်တွေကို ပြည်တွင်း ကုန်ကြမ်းတွေကို အခြေခံပြီး အနုပညာဆန်စွာ ကိုယ်ပိုင်လက်ရာတွေနဲ့ ပေါင်းစပ် ပြုလုပ်ပါတယ်။ ဒါ့အပြင် ကိုယ့် တဦးတယောက်ထဲမှာပဲ ရှိနေမယ့် စိတ်ကြိုက်ဒီဇိုင်းလေးတွေကိုပါ ဖန်တီး ပြုလုပ်ပေးပါတယ်။
အရည်အသွေးပိုင်းနဲ့ Design ပိုင်းကို ဦးစားပေးပြီး မိမိတို့ရဲ့ လုပ်ငန်းနှင့်တူတူ ပြည်တွင်းမှ ကုန်ကြမ်းတွေကိုပါ တဖက်တလမ်းကနေ ပံ့ပိုးပြီးသား ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးပြုလုပ်ပေးနေကြခြင်းဖြစ်ပါတယ်။