အနှေးဖက်ရှင် – လူမှုစီးပွား ကျင့်ဝတ်များ လိုက်နာပြီး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ပဲ၊ ထုတ်လုပ်လုပ်သူများ အတွက် ထိုက်သင့်သည့် အကျိုးခံစားမှု ရရှိနိုင်သော အဝတ်အထည် ထုတ်လုပ်သည့် လုပ်ငန်းမျိုးကို ဆိုလိုသည်။ ယင်းဖက်ရှင်ပုံစံတွင် အရည်အသွေး ကောင်းပြီး၊ ကြာရှည် အသုံးခံသော အဝတ်အထည်များ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့လည်း ပါဝင်သည်။ အမြန်ဖက်ရှင် ပုံစံနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။