SheCreates' IWD'25

In honor of International Women’s Day (IWD) on March 8, 2025, we’re excited to introduce the SC IWD’25 program taking place at the SheCreates Showroom.

In line with the theme of IWD’25 ‘#AccelerateAction’, we aim to address the barriers that women encounter daily. Our goal is to highlight the urgent need for action to promote gender equality. As a women’s organization, we are dedicated to supporting all women, including our members, and we stand united in our commitment to creating a more equitable future.

SC IWD’25 event will include:

  • Thu Ma Sagarwine”: sharing thoughts and insights from our talented creators.
  • Story Showcase: highlighting the achievements of the first 10 remarkable women from various sectors in Myanmar.
  • Art Display: showcasing captivating paintings by the talented artist Kyan Yee.
  • Thu Ma Mont Sine”: offering delicious homemade snacks and refreshing light drinks prepared by our creators.
  • As a special feature of the program, all attendees are invited to create lasting memories by engaging in stitching and crochet crafts on a piece of blank fabric.

We will also feature a variety of exciting workshops, so we encourage all friends to join us for the IWD’25 program and take part in this commemorative event.

၂၀၂၅ ခုနှစ် မတ်လ ၈ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD) အထိမ်းအမှတ်အဖြစ် သူမလက်ရာမှာ ပြုလုပ်သွားမယ့် SC IWD’25 အစီအစဉ်လေးနဲ့ မိတ်ဆက်ပါရစေရှင်။

IWD’25 ရဲ့ Theme “#AccelerateAction” လေးအတိုင်း အမျိုးသမီးများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတဲ့ အကန့်အသတ် အတားအဆီးများကို ရပ်တန့်ရန်၊ ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန် အဆောတလျင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းဖော်ပြလိုတဲ့ ရည်ရွယ်ချက်နှင့် အမျိုးသမီးအဖွဲ့အစည်းတခုဖြစ်တဲ့ သူမလက်ရာ အနေနှင့် အဖွဲ့ဝင်သူမများအပါအဝင် အမျိုးသမီးများအားလုံးနှင့်အတူ ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်။

သူမလက်ရာရဲ့ IWD’25 အစီအစဉ်လေးမှာ‌တော့ –

  • ဖန်တီးသူ သူမများကိုယ်တိုင် ပါဝင်ပြီး လွတ်လပ်ပေါ့ပါးစွာ ပြောဆို‌ကြမယ့် သူမစကားဝိုင်း
  • မြန်မာနိုင်ငံ၏ * ကဏ္ဌအသီးသီးမှ ပထမဦးဆုံး အမျိုးသမီး ၁၀ ဦး ရဲ့ Story ကို ခင်းကျင်းပြသပေးထားခြင်း၊
  • Artist Kyan Yee ရဲ့ ပန်းချီကားများ ချိတ်ဆွဲပြသထားခြင်းနှင့်
  • အဖွဲ့ဝင်သူမများရဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အိမ်ချက်အရသာ အစားအသောက်များပါဝင်မယ့် သူမ မုန့်ဆိုင်လေးကို ထည့်သွင်း ပြုလုပ်ပေးထားပါတယ်။
  • ထူးခြားတဲ့အစီအစဉ် တခုအဖြစ် ပိတ်စအလွတ်တခုပေါ်မှာ Event ကို လာရောက်ကြသူများအားလုံး မိမိနှစ်သက်သလို Stitching, Crochet လက်မှုများကို အတူတကွ အမှတ်တရ ဖန်တီးနိုင်မှာဖြစ်ပါတယ်

အခြား‌သောစိတ်ဝင်စားဖွယ် Workshops များလည်း ပါဝင်သွားမှာဖြစ်လို့ သူမလက်ရာရဲ့ IWD’25 အစီအစဉ်လေးမှာ ပါဝင်ဖို့ မိတ်‌ဆွေများအားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အစီအစဉ်

Date/နေ့စွဲ – March 8, 2025 (Saturday)
Time/အချိန် – 9am ~ 5pm
Venue/နေရာ – She Creates Showroom/ သူမလက်ရာ ပြခန်း
No. 283 U Wisara Rd, Sanchaung tsp, Yangon, Myanmar (Burma).
Contact/ဆက်သွယ်ရန် – 09972248032