Precious Lady was established to improve the socio-economic status of grassroots communities living in remote and mountainous regions affected by conflict across Myanmar.

Precious Lady also provides conducting vocational skills and market linkages, Awareness and capacity for gender inclusion in social harmony, community dialogues for cultural promotion and hidden traditional values, multistakeholder networking for sustainable marketing, doing joint social works as corporate social responsibilities, mental counselling to improve moral development, and home gardening and family farming training.

In addition, in collaboration with local artisans, they produce Handmade bags with traditional & ethnic textiles, Organic soaps, scrubs, hand sanitizers, Ornamental items made by semiprecious gem stones, Myanmar traditional Thanetkha, paintings & stone arts, recycle arts and crafts, traditional cosines and fast food as well as slippers and foot wears.

Precious Lady ကို မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ ဝေးလံခေါင်သီသော ဒေသများနှင့် တောင်တန်းဒေသများတွင် နေထိုင်ကြသော အခြေခံလူတန်းစားများ၏ လူမှုစီးပွား အဆင့်အတန်းကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်လုပ်ကိုင်လျက် ရှိပါတယ်။

Precious Lady မှ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် ဈေးကွက်ချိတ်ဆက်မှုများ လုပ်ဆောင်ခြင်း၊ လူမှုသဟဇာတ ဖြစ်မှုတွင် ကျား-မ ဆိုင်ရာ အသိပညာနှင့် စွမ်းရည်၊ ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ရေရှည်တည်တံ့သော စျေးကွက် ချဲ့ထွင်ခြင်း အတွက် ချိတ်ဆက်‌ဆောင်ရွက်ခြင်း၊ လူမှုရေးလုပ်ငန်းများကို စုပေါင်းတာဝန်ယူ ဆောင်ရွက်ခြင်း၊ ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပညာပေးခြင်းနှင့် ဥယျာဉ်စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများပေးခြင်း တို့ကို လုပ်ကိုင် ဆောင်ရွက်နေပါတယ်။

ထို့အပြင် ဒေသတွင်း လက်မှုပညာသည်များနှင့် ပူးပေါင်းကာ တိုင်းရင်းသား ရိုးရာ ချည်ထည်များဖြင့် ချုပ်လုပ်သော အိတ်အမျိုးမျိုး၊ Organic soaps, Scrubs, Hand Sanitizers ၊ လက်ဝတ်ရတနာပစ္စည်းများ၊ မြန်မာ့သနပ်ခါး၊ ပန်းချီ၊ Recycling Arts & Crafts ၊ ရိုးရာအစားအသောက်များနှင့် ဖိနပ်အမျိုးမျိုးကို ဖန်တီး ထုတ်လုပ်လျက် ရှိပါတယ်။