
Please give us any advice and suggestion at our post’s Comment. စာအုပ်နှင့် ပတ်သက်ပြီး ကွန်းမန့်မှ တဆင့် အကြံပြုခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါသည်။
“Empower Myanmar Weaving Industry: Sustainable Weaving Practice” curriculum
We are pleased to introduce a curriculum on weaving practices as an important component of the seven-month project titled “Empower Myanmar Weaving Industry – Sustainable Weaving Practice.” This curriculum is based on the academic knowledge and real-world experiences of textile professionals. As such, it is more than just a guidebook—it is a strategic resource aimed at preserving, promoting, and modernizing Myanmar’s traditional weaving industry with the intention of equipping weavers, trainers, and industry professionals with essential, sustainable techniques for a resilient future.
The core topics included in this curriculum are:
- Yarn Theory
- Cotton Hand Spinning
- Fabric Quality Control
- Fabric Treatment Methods and Introduction to Fabric Steaming Houses
These components are designed to empower learners with a deep understanding of the materials they work with, hands-on techniques for creating high-quality yarn and fabric, and methods for preserving and enhancing fabric through environmentally conscious treatment practices. Authors aim to fill the existing gaps in the development of Myanmar’s traditional weaving and textile sectors. It is designed to be a useful study resource for the advancement of Myanmar’s weaving industry.
In Myanmar, books and academic resources on traditional craftsmanship are scarce. Therefore, this curriculum is intended to serve as a valuable reference for both learners and creators in the weaving and textile fields.
It is available online as a free downloadable resource for anyone interested.
To help us understand how many people are accessing and studying the curriculum, we kindly ask that users download the material before studying it.
Please note that the content of this online version is the intellectual property of Vocational Skills Development Program (VSDP), Community Partners Myanmar (CPM), SheCreates, and the authors. We respectfully request that no part of this material be reproduced, distributed, or used for commercial purposes without permission.
“မြန်မာ့ရက်ကန်းလုပ်ငန်းတိုးတက်စေခြင်း – ရေရှည်တည်တံ့စေသော ရက်ကန်းလုပ်ငန်းအလေ့အကျင့်များ”ဟု အမည်ပေးခဲ့ကြသော (၇)လတာ စီမံကိန်း၏ အစိတ်အပိုင်းများမှ အရေးပါသည့်အစိတ်အပိုင်းတခုအဖြစ် တာဝန်ယူမှုရှိသောရက်ကန်းလုပ်ငန်းဆိုင်ရာ သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးချင်ပါသည်။ ဤသင်ရိုးစာအုပ်သည် ရက်ကန်းနှင့် အထည်အလိပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပိုင်းတွင် လစ်ဟာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့သော ပထမဦးဆုံးသင်တန်းနှင့် သင်တန်းနည်းပြများဖြစ်သည့် ချည်မျှင်နှင့် ရက်ကန်းပညာရှင်များ၏ လေ့လာခဲ့သည့်ပညာရပ်များမှ သင်ခန်းစာများကို အခြေခံ၍ စုစည်းရေးသားထားခြင်းဖြစ်ပြီး မြန်မာ့ရက်ကန်းလုပ်ငန်းများ၏တိုးတက်ရေးအတွက် အသုံးဝင်သောလေ့လာမှုအဖြစ်အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် လက်မှုအနုပညာရပ်များအတွက် စာအုပ်၊ စာတမ်းရှားပါသောကြောင့် ဤသင်ရိုးစာအုပ်သည် လေ့လာနေသူများ၊ ဖန်တီးနေသူများအတွက် အသုံးဝင်သည့် စာအုပ်တအုပ်ဖြစ်လာစေရန် ရည်ရွယ်ပါသည်။
ဤသင်ရိုး၌ပါဝင်သော အဓိကအကြောင်းအရာများမှာ –
- ချည်မျှင်သင်ခန်းစာ (Yarn Theory)
- လက်ငင်ချည်ငင်နည်း (Cotton Hand Spinning)၊
- ချည်မျှင်နှင့်အထည်အလိပ်ပိုင်းဆိုင်ရာအရည်အသွေးထိန်းသိမ်းနည်း (Fabric Quality Control) နှင့်
- အထည်အချောကိုင်နည်း (Fabric Treatment Methods) နှင့် အထည်ပေါင်းရုံ(Fabric Steaming House) မိတ်ဆက်တို့ ဖြစ်ပါသည်။
ဤအကြောင်းအရာများသည် ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းများသည် တာဝန်ယူမှုရှိသောနည်းလမ်းဖြင့် လုပ်ကိုင်နိုင်ရန်၊ မြန်မာ့ရက်ကန်းနှင့် အထည်အလိပ်များ၏အရည်အသွေးနှင့်တန်ဖိုးကိုတိုးတက်စေမည့်လက်တွေ့အသုံးချနိုင်သောအချက်အလက်များဖြစ်ပါသည်။
ဤသင်ရိုးညွှန်းတမ်းစာအုပ်သည် ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာပညာရှင်များတို့၏ လေ့လာခဲ့ရသည့် ပညာရပ်များ၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်သောကြောင့် သာမန်လက်စွဲစာအုပ် တအုပ်အဖြစ်သာမက မြန်မာ့ရိုးရာ ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းကို ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မှီမြန်မာ့ရက်ကန်းလုပ်ငန်းအဖြစ်သို့ ရောက်ရှိစေရန်အတွက် စွမ်းဆောင်မှုရှိသောအရင်းအမြစ်တခုဖြစ်ပါစေကြောင်း မျှော်လင့်ပါသည်။
ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းလျှက် တာဝန်ယူမှုရှိသောနည်းလမ်းများဖြင့် မြန်မာ့ရက်ကန်းလုပ်ငန်းများ ဆက်လက် ရှင်သန်သွားနိုင်ရန် ရည်ရွယ်ပြီး စီစဉ်ခဲ့ပါသည်။
ဤစာအုပ်သည် online versionအနေဖြင့် လေ့လာမည့်သူအားလုံး အခမဲ့ download ရယူနိုင်အောင် စီစဉ်ထားပါသည်။
မိမိတို့သင်ရိုးကို လူဦးရေ မည်မျှ download လုပ်ပြီး လေ့လာနေကြလဲဆိုသည်ကို သိရှိနိုင်ရန် လေ့လာမည့်သူများအနေနှင့် download လုပ်ပြီးမှ လေ့လာပေးကြပါရန်နှင့် ဤသင်ရိုးစာအုပ် (online version) သည် ထောက်ပံ့ကူညီပေးကြသော Vocational Skills Development Program (VSDP), Community Partners Myanmar(CPM), SheCreates သူမလက်ရာတို့နှင့် စာရေးသူများသာ ပိုင်ဆိုင်ပြီး ရေးသားထားသည့် စာသားများကို စီးပွါးဖြစ်အနေနှင့် တစိတ်တပိုင်းကူးယူသုံးစွဲခြင်းများ၊ ပုံနှိပ်ထုတ်ဝေခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။