
SheCcreates Showroom မှာ ပြုလုပ်ခဲ့တဲ့ Polymer Clay Jewelry Making Workshop လေးရဲ့ ပုံရိပ်လေးတွေကို အမှတ်တရ မျှဝေလိုက်ပါတယ်။
လက်ဝတ်ရတနာပြုလုပ်လို့ရတဲ့ Polymer Clay ဖြစ်လာဖို့အတွက် ပြင်ဆင်ကြရာကနေ လက်ဝတ်ရတနာတခု ဖြစ်လာသည်အထိ အဆင့်ဆင့်ကို Instructorနှင့်အတူ ကိုယ်တိုင်လက်တွေ့ပြုလုပ်ခဲ့ကြပါတယ်။
အတတ်ပညာတခုသင်ယူရင်း ကိုယ်ရဲ့ လက်ရာလေးတွေကို လွတ်လွတ်လပ်လပ် ဖန်တီးနေတဲ့ အခိုက်အတန့်လေးမှာ ကောင်းမွန်တဲ့ အတွေ့အကြုံ အမှတ်တရလေးတွေ ရရှိလိုက်မယ်လို့ မျှော်လင့်ပါတယ်။
Polymer Clay Jewelry Making ကို စိတ်ဝင်စားပြီး သင်ယူလိုသူများအနေနဲ့လည်း SheCcreates သူမလက်ရာ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။