သူမလက်ရာ ၂၀၂၄ တပတ်တာ

 

 

 

 

The first house we aim to visit is Artist Nay Myo Say & Daw Thandar Khin’s house where this artistic abode to seek inspiration for our handmade women creators and witnessing how they had brought the abandoned items back to life promises to ignite creativity in our community.

The next destination on our journey is the GCC Center of Elderly Care, crafted and conceived by the skillful architect Kyaw Linn Su San and her dedicated team of YOURS. Here, we’re invited to discover firsthand the abundant care and compassion woven into every aspect of this center, dedicated to serving the elderly.

Our final destination is Turquoise Mountain, where Myanmar artisans meticulously handcrafted products using exclusively local materials, preserving Myanmar’s rich heritage. These creations are then exported to international markets, providing a window into our creators’ engagement in global trade.

“The Untold Stories” offers a comprehensive full-day tour program. The fee is 15,000 Ks. for SheCreates members and 30,000 Ks. for non-members. A vegetarian lunch box of Wai Wai’s noodle will be provided, and we SheCreates encourage you to bring your own bottle (BYOB). Please note that plastic bottles on the bus are not preferred.

စိတ်ကူးများရဲ့ အိမ်တွေဆီဆိုတဲ့အတိုင်း သွားရောက်လည်ပတ်မည့်နေရာတွေကတော့ ၁) ပန်းချီဆရာနေမျိုးဆေး + Dr.သန္တာခင်အိမ် ၂) ဗိသုကာပညာရှင် မကျော်လင်းစုစံ နှင့် YOURS team တို့မှ ဖန်တီးခဲ့သော GCC Centre (Geriatric & Continuing Care Centre), Green Garden Villa, သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ နှင့် ၃) မြန်မာ့လက်မှုနှင့် အမွေအနှစ်၊ နည်းပညာ၊ ကုန်ကြမ်းများကို အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနေသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Turquoise Mountain Myanmar တို့ဆီကို သွားရောက်လေ့လာမှာဖြစ်ပါသည် ။

တနေ့တာ အစီအစဉ် ဖြစ်သည့်အတွက် နေ့လည်စာ vegetarian lunch box ပါဝင်မှာဖြစ်ပြီး သူမလက်ရာ အဖွဲ့ဝင်တစ်ဦးလျှင် ၁၅,၀၀၀ ကျပ် ကျသင့်ကာ ၊ အဖွဲ့ဝင်မဟုတ်သူများအတွက် တစ်ဦးလျှင် ၃၀,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

SCWeek'24-Jun3

The Untold Stories of Creators/ စိတ်ကူးများရဲ့ အိမ်တွေဆီ

Fully Booked/
လူပြည့်ပြီ

ပေါ့ပါးသော tote bag လွယ်အိတ်များနှင့် ကိုယ်ပိုင်ရေဘူးငယ်များကို ယူဆောင်လာဖို့ တိုက်တွန်းအားပေးပြီး ပလတ်စတစ် ရေသန့်ဘူးများကို ပေးဝေမည်မဟုတ်ပါ။

SCWeek'24-Jun4

Free Entry/
ဝင်ကြေးအခမဲ့

At the SheCreates Week’24 second activities of Panel Discussion, there will be a discussion about environmentally responsible businesses that operate with minimal environmental impact. This panel will feature individuals who practice sustainable business methods, focusing on reducing waste, efficiently using resources, and running operations with the least environmental harm. Topics will also include the implementation of circular economy practices.

Participants will share examples of current environmentally friendly businesses, discuss potential challenges, and explore the benefits of operating responsibly. This discussion aims to enhance understanding and foster active participation.

သူမလက်ရာ တပတ်တာရဲ့ ဒုတိယ အစီအစဉ် Panel Discussion မှာ သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုအနည်းဆုံးနဲ့ လည်ပတ်နေတဲ့ တာ၀န်သိစီးပွားရေးများ အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ တာ၀န်သိ‌ စီးပွားရေးကို လုပ်ကိုင်‌နေသူများအနေနဲ့ အမှိုက်ထွက်ရှိမှု လျှော့ချခြင်း၊ အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးချခြင်း၊ သဘာ၀ပတ်၀န်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးနဲ့ လုပ်ငန်းလည်ပတ်အောင် လုပ်ကိုင်ခြင်း စတဲ့ အချက်များအပြင် စက်၀န်းပုံဆောင်စီးပွားရေးကို အကောင်အထည်ဖော်နိုင်‌ရန် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ သဘာ၀ပတ်၀န်းကျင် နဲ့ သဟဇာတ ဖြစ်အောင် လည်ပတ်နေတဲ့စီးပွားရေးများကို ဥပမာပေးပြီး ကြုံတွေ့နိုင်တဲ့ အခက်အခဲများ သာမက တာ၀န်သိစွာ စီးပွားရေးလည်ပတ်ရာမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကိုလဲ သိရှိနားလည်နိုင်ပြီး၊ ပါ၀င်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

—————

Venue/ပြုလုပ်မည့်နေရာ-

3ZERO House Myanmar
No. 167, 47th Street, Botahtaung Township Yangon

SheCreates eagerly plans this symposium dedicated to exploring the vital importance of preserving and archiving intangible heritage. At this symposium, we will delve into the inextricable heritage of Myanmar, believed to have faded through the passage of time and material intermediaries. Our discourse will center on exploring avenues for documenting and preserving elements such as historical memory, community significance, and emotional resonance.

A collection of concise papers from across diverse fields will be consolidated to underscore their historical significance. These papers aim to ignite discussions on Myanmar’s heritage and its evolution. Designed as experiential and practitioner sessions, they seek to disseminate and transfer knowledge and foster a better society through shared experiences related to heritage appreciation and preservation.

Join us as we embark on a journey to discuss and safeguard the intangible treasures that shape the identity and diversity of our society. Together, let us ensure that the soul of cultures continues to thrive for generations to come.

The day’s event includes a in depth panel discussion with speakers from various cultural fields in the morning, and a world cafe (Laphet-yay Circle) discussions in the afternoon.
The discussions will be held in Burmese but simultaneous interpretation to English will be provided during the panel discussion.

သူမလက်ရာတပတ်တာ အစီအစဉ်များထဲက တတိယမြောက် ပြုလုပ်မယ့် Preserving and Archiving Intangible Heritage လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲလေးတခုအကြောင်း ဝေမျှပေးချင်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိသော ၊ ပျောက်ကွယ်လာနိုင်သည်ဟု ယူဆထားသော ထိတွေ့လို့မရနိုင်သည့် အမွေအနှစ်ဆိုင်ရာအကြောင်းအရာများ၊ ကြားခံပစ္စည်းများမှတဆင့် သမိုင်းဆိုင်ရာ မှတ်ဉာဏ်တန်ဖိုးများ၊ လူမှုအဝန်းအဝိုင်းထဲက ပတ်သက်ဆက်နွယ်မှု တန်ဖိုးများ၊ မိမိရဲ့ စိတ်ခံစားမှုဆိုင်ရာ အမှတ်သညာခံစားနားလည်မှုတွေစတဲ့အရာများကို မှတ်တမ်းတင် ဖော်ထုတ်လုပ်ဆောင်နိုင်မည့်အကြောင်းတွေကို ပြောဆိုဆွေးနွေး လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ လက်တွေ့ရေးသားခြင်း၊ ဖန်တီးပြုလုပ်လာတဲ့ လက်ရာတွေကို ဆွေးနွေးခြင်းတို့အပြင် လုပ်ငန်းစဥ်နဲ့ပတ်သက်ပြီး မှတ်တမ်းစာအုပ်တစ်အုပ်အဖြစ် ဆွေးနွေးသူ၏ မူပိုင်ခွင့်ပြုချက်နှင့်အတူ သူမလက်ရာအဖွဲ့အစည်းမှ (Archiving) ထုတ်လုပ် သိမ်းဆည်းသွားကြမှာဖြစ်ပါတယ်။

နယ်ပယ်စုံမှ ရေးသားတင်သွင်းလာတဲ့ ပညာရပ်ဆိုင်ရာလေ့လာသူတို့ရဲ့ ဆွေးနွေးမှုများဟာ အမှတ်အသားအထောက်အထားတစ်ခုအဖြစ်နဲ့ သူမလက်ရာမှာ စုဝေးတည်ရှိနေမှာဖြစ်ပါတယ်။

ထိုမှတဆင့် နောင်တွင် သမိုင်းဆိုင်ရာ ပျောက်ကွယ်သွားနိုင်တဲ့ အမွေအနှစ်ဆိုင်ရာ အကြောင်းများကို ဖြစ်ပေါ်စေတဲ့ သိမှုဆိုင်ရာ မှတ်တမ်းအတွေ့အကြုံများမှ တဆင့်

SCWeek'24-Jun6

A Community Symposium: Preserving and Archiving Intangible Heritage

Free Entry/
ဝင်ကြေးအခမဲ့

ပိုမိုကောင်းမွန်တဲ့ လူမှုအဝန်းအဝိုင်းဆီကို ချဲ့ထွင်ဖြန့်ဝေနိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဆွေးနွေးပွဲတခုပဲဖြစ်ပါတယ်။

အဆိုပါနေ့အခမ်းအနားတွင် နံနက်ပိုင်းတွင် ယဉ်ကျေးမှုနယ်ပယ်အသီးသီးမှ ဟောပြောသူများနှင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးကြပြီး နေ့လည်ပိုင်းတွင် ကမ္ဘာ့ကဖေး (လက်ဖက်ရည်စကားဝိုင်း) ဆွေးနွေးပွဲများ ပါဝင်ပါတယ်။

ဆွေးနွေးပွဲများကို မြန်မာဘာသာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးမှုအတွင်း အင်္ဂလိပ်ဘာသာသို့ တစ်ပြိုင်နက် ပြန်ဆိုပေးမည်ဖြစ်ပါတယ်။

—————

Venue/ပြုလုပ်မည့်နေရာ-

YWCA
No.119, Bogalayzay Street, Yangon

SCWeek'24-Jun6

Free Entry/
ဝင်ကြေးအခမဲ့

Join us for “Fashion For All: Embracing Inclusivity & Diversity,” a mini fashion show on the third day of SheCreates Week’24. Co-organized by Third Gen Empire Fashion & Design Academy and SheCreates, this event celebrates the theme of “Trashion,” where upcycled products are brought back into the fashion spotlight.

Experience the innovative creativity of SheCreates members as they showcase their unique designs and special performances.
Immerse yourself in a diverse array of fashion experiences and traditional dances performed by our creators. Don’t miss out on this unforgettable show!

သူမလက်ရာရဲ့ ဖန်တီးသူ အမျိုးသမီးများဟာ အခက်အခဲတွေ ကြားကနေ ရပ်တန့်မသွားလိုတဲ့ တီထွင်ဖန်တီးလိုစိတ်များကို အခုပြုလုပ်မဲ့ မတူကွဲပြား အလှတရား Fashion For All – ‘Mini Fashion Show’ လေးမှာ မြင်တွေ့ခံစားနိုင်ဖို့အတွက် သူမလက်ရာအဖွဲ့နှင့်အတူ Third Gen Empire Fashion & Design Academy ရဲ့ ပူးပေါင်းဆန်းသစ်ပေးတဲ့ စိတ်ကူးစိတ်သန်းများဖြင့် အခုပွဲလေးကို သူမလက်ရာတပတ်တာရဲ့ တတိယမြောက် အစီအစဉ်တခုအဖြစ် ကျင်းပမှာပါ။

Trashion ဆိုတဲ့ theme စိတ်ကူးလေးအတိုင်း မလိုအပ်တော့ဘူးလို့ ယူဆထားတဲ့ စွန့်ပစ်ပစ္စည်းများကနေ ပြန်လည်အသုံးချပြုလုပ်ထားတဲ့ စိတ်ကူးစိတ်သန်းတွေကို ဒီပွဲလေးမှာ ဆင်မြန်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါအပြင် သူမလက်ရာ အဖွဲ့ဝင်များရဲ့ စိတ်ကူးနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည် အသုံးအဆောင်များ၊ ကင်ဆာကလေးငယ်များရဲ့ ဖက်ရှင်အလှအပလေးများနဲ့ သူမလက်ရာမှ ထိန်းသိမ်းမှတ်တမ်းတင်လိုသော မြန်မာ့အကများကို ထည့်သွင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မတူကွဲပြားအလှတရား mini fashion show ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။

—————

Venue/ပြုလုပ်မည့်နေရာ-

YWCA
No.119, Bogalayzay Street, Yangon

As part of the SheCreates Week ‘24, SheCreates and its sponsors will also organize an event aimed at linking together small businesses and aspiring entrepreneurs, with service providers that can offer valuable support.

In current challenging times, innovative ideas and proactive entrepreneurship needs to be supported and accompanied. Having the adequate connections and knowing where to turn for help is often difficult for small pre-existing or “wannabe” business- owners. Hence, the goal for this half-day event is simple: to empower small businesses by providing them with essential information and valuable connections that can propel their ventures towards success.

The StartUp Hub will offer a platform to connect participants with service providers in different sectors, ranging from communication and branding, to accounting and funding, as well as education and training. With a format similar to that used for ‘speed dating sessions’, service providers/companies will have the opportunity to make brief pitches about their services to the participating SME and potential start-ups.

StartUp Hub for aspiring entrepreneurs နေ့ဆိုတာကတော့ sme လုပ်ငန်းငယ်လေးများအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိအောင် အထူးရည်ရွယ်ပြီး ပြုလုပ်ပေးတဲ့ Bridge Creative Agency နှင့် သူမလက်ရာတို့ရဲ့ အစီအစဉ်တခုဖြစ်ပါတယ်။ Speed dating program တခုဖြစ်တာမို့ ထိုနေ့မှာနယ်ပယ်စုံမှ လုပ်ငန်းအဖွဲ့အစည်းများက သူတို့ရဲ့ လုပ်ငန်းများအကြောင်း၊ အတွေ့အကြုံများနှင့် စီးပွားရေးတခုစတင်ရန် အခက်အခဲရှိနေသူများကို ငွေကြေးဆိုင်ရာ အထောက်အပံ့ပေးခြင်း အစီအစဉ်များကို ဝေငှပြောကြားပေးခြင်း၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်တည်ရှိပေးနေခြင်းနှင့် Bridge Creative Agency မှ Branding နှင့် social media ဆိုင်ရာ အကြောင်းများကို ဝေမျှသွားမှာမို့ စီးပွားရေးလုပ်ငန်းရှင်များ လက်မလွှတ်ပဲ လာရောက် အခွင့်အရေးယူသင့်တဲ့ ပွဲလေးတခုဖြစ်ပါတယ်။

လုပ်ငန်းရှင်တခုလျှင် လူဦးရေ (၂)ယောက် တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး နေရာအကန့်အသတ်ရှိတာမို့ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် ဖော်ပြပါ QR code ကို scan ဖတ်ပြီးတော့ဖြစ်ဖြစ်အောက်ပါ registration link လင့်ခ်ကနေဖြစ်ဖြစ် အမည်စာရင်းပေးသွင်းနိုင်ပါတယ်။

မေးမြန်းလိုသောအချက်အလက်များရှိပါက SheCreates သူမလက်ရာ Ph no. 09972248032 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

SCWeek'24-Jun၇

Free Admission, pre-registered only/
ကြိုစာရင်းသွင်းသူများ အခမဲ့တက်ရောက်နိုင်သည်

Venue/ပြုလုပ်မည့်နေရာ-

Sagawa Center

The Regency Offices, No.587, 2nd Floor, Pyay Road, Kamayut Township, Yangon

SCWeek'24-Jun8-9

Free Entry/
ဝင်ကြေးအခမဲ့

Weekend Community Market and Workshops

More than 50 She Creates vendors will display their products, crafts, foods and drink in a two-day community market that will include activities for all ages, workshops, cafés and opportunities to have a local meal. Come with your friends and family!

Workshops & Activities

We are pleased to announced that various craft workshops will involve at SheCreates Weekend Community Market for those loving hands-on activities.

* Crochet Art Work by Daw Pa & Sharing Our Strength
Make crochet cards (birthday cards, greetings cards, etc.,) with your own idea. All workshop fees will be donated to cancer patients at the Yangon Children Hospital.
Price: 5,000 Ks.

* Coconut Crafts by Theint (Handmade by Theint)
Making a pair of Coconut Shell Earrings.
Price: 5,000 Ks. per pair

* Botanical Printing On Textile with Julia Art by Anu Slow Fashion
Use natural objects such as leaves and flowers to print onto the surface of fabrics.
Price: 60,000 Ks.

* Recycle Beads Jewelry Making Workshop by Amazing Grace Crafts and Workshop
Use Recycle paper beads, fabrics beads and accessories to create the jewelleries and accessories such as necklace, bracelet, earrings and keychain.
Price: 10,000 Ks. ~ 30,000 Ks.

* Decor Your Bag, Deco Your Earrings by Burmeser Chic Handicrafts & Jewellery
Decorate the Thinbyu Bag with cotton piece and accessories and create the earrings with rattan, raw gemstones and accessories.
Price: 35,000 Ks.

* Recycle Paper Bead Making Workshop by Htar Handmade
Learn how to make recycle paper beads with old newspapers and magazines.
Price: Free of Charge

* Tie Dye Workshop by Fashion Force and Za Latt Nann – Ethnic Fashion
Learn the basic tie-dye techniques with natural ingredients and colors. If you have old stained t-shirts, be sure to bring them to transform into a new look.
Price: 75,000 Ks.

* Redesign Your Clothes with Classic 23
Pathing Clothes with embroidery (Materials such as embroidery frame, hoop, needle will be provided). Please bring your own clothes to redesign into the new looks.
Price for materials: 7,500 Ks., Workshop fee: 15,000 Ks.

နှစ်ရက်ကြာ ကျင်းပမည့် Weekend Community ဈေးပွဲတွင် ‘SheCreates သူမလက်ရာ’ အဖွဲ့ဝင် (၅၀) ကျော်မှ ပါဝင်ရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်များ၊ လက်မှုပညာများ နှင့် အစားအသောက်များကို ခင်းကျင်းပြသထားမည်ဖြစ်ကာ အသက်အရွယ်မရွေး ပါဝင်ဆင်နွှဲနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကော်ဖီဆိုင်များနှင့် ဒေသအစားအစာများကို မြည်းစမ်းနိုင်မည့် အခွင့်အလမ်းများရှိပါသည်။ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ လာရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲများ

SheCreates Weekend Community Market မှာ လက်မှု့ပညာချစ်မြတ်နိုးသူများ၊ ကိုယ်တိုင်ဖန်တီးမှု ပြုလုပ်လိုသူများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်ပါတယ်။

* Sharing Our Strength နှင့် ဒေါ်ပ၏ သိုးမွေးထိုးခြင်းအနုပညာ တို့နှင့် မွေးနေ့ကဒ်များ ဖန်တီးခြင်း
တတ်ရောက်လာသူများ၏ကိုယ်ပိုင်စိတ်ကူးဖြင့် ဇာထိုးကတ်များ (မွေးနေ့ကဒ်များ၊ နှုတ်ခွန်းဆက်ကဒ်များ စသည်ဖြင့်) ပြုလုပ်နိုင်ပါမည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ကုန်ကျစရိတ်အားလုံးကို ရန်ကုန်ကလေးဆေးရုံကြီးမှ ကင်ဆာဝေဒနာရှင်များအတွက် လှူဒါန်းသွားမည်ဖြစ်ပါသည်။
ဈေးနှုန်း – ၅,၀၀၀ ကျပ်

* အုန်းခွံသားဖြင့်ဖန်တီးထားသော သိမ့်၏ လက်မှုပညာ
Handmade by Theint နှင့်အတူ သဘာ၀အုန်းခွံသားဖြင့် နားဆွဲ ပြုလုပ်နိုင်ပါသည်။
ဈေးနှုန်း – ၅,၀၀၀ ကျပ် (တစ်စုံ)

*Anu Slow Fashion မှ Julia နှင့်အတူ သဘာဝပစ္စည်းများ အသုံးပြု၍ ပိတ်စပေါ်တွင် ပုံဖော် ပုံနှိပ်ခြင်း
အထည်များ၏ မျက်နှာပြင်ပေါ်တွင် ပုံနှိပ်ရန် အရွက်များနှင့် ပန်းများကဲ့သို့သော သဘာဝအရာဝတ္ထုများကို အသုံးပြုလုပ်ဆောင်မည်ဖြစ်သည်။
ဈေးနှုန်း – ၆၀,၀၀၀ ကျပ်

* Amazing Grace Crafts and Workshop နှင့်အတူ ဟန်းမိတ်လက်၀တ်ရတနာ ပြုလုပ်ခြင်း
စက္ကူ၊ ပိတ်စ၊ သစ်သားလုံး၊ သဘာ၀ကျောက်၊ ဖန်စေ့၊ ပုတီးလုံးများကို ကိုယ်တိုင်‌ရွေးချယ် ဒီဇိုင်းပြုလုပ်ပြီး ဆွဲကြိုး၊ နားကပ်၊ လက်ကောက်များ ပြုလုပ်နိုင်ပါသည်။
ဈေးနှုန်း – ၁၀,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်

* Burmeser Chic Handicrafts & Jewellery နှင့်အတူ သင်ဖျူးအိတ် အလှဆင်ခြင်းနှင့် ဟန်းမိတ်နားဆွဲ ပြုလုပ်ခြင်း
သင်ဖြူးဖျာဖြင့် ပြုလုပ်ထားသော လက်ကိုင်အိတ်ပေါ်တွင် ချည်နှင့် ‌accessories များအသုံးပြု၍ အလှဆင်ကြပါမည်။ ကြိမ်နှင့် ကျောက်အရိုင်းလေးများကို အသုံးပြု၍ နားဆွဲပြုလုပ်နိုင်ပါသည်။
ဈေးနှုန်း – ၃၅,၀၀၀ ကျပ်

* Htar Handmade နှင့်အတူ Recycle ပုတီးစေ့ပြုလုပ်ခြင်း
သတင်းစာ စက္ကူဟောင်းများ၊ မဂ္ဂဇင်းစက္ကူများကို အသုံးပြု၍ Recycle ပုတီး‌စေ့များ ပြုလုပ်ကြပါမည်။
ဈေးနှုန်း – အခမဲ့

* Fashion Force နှင့် Za Latt Nann – Ethnic Fashion တို့နှင့်အတူ Tie-dye နည်းပညာဖြင့် ဆေးဆိုးခြင်း
သဘာ၀ကုန်ကြမ်းများမှရရှိသော သဘာ၀ဆိုးဆေးကို အသုံးပြု၍ အခြေခံ Tie-dye နည်းပညာဖြင့် အ၀တ်စပေါ်တွင် ဒီဇိုင်း patten များဖန်တီးကာ ဆေးဆိုးကြပါမည်။ (T-Shirt တစ်ထည်နှင့် အ၀တ်စ သုံးထည် ပါ၀င်ပါသည်။ အစွန်းအထင်းများရှိသော ချည်သား T-shirt ဟောင်းမျာကို အထည်အသစ်တစ်ခုအဖြစ် ပုံစံပြောင်းလိုပါက ယူဆောင်လာနိုင်ပါသည်။)
ဈေးနှုန်း – ၇၅,၀၀၀ ကျပ်

* Classic 23 နှင့်အတူ ချည်ပန်းထိုးခြင်း
အ၀တ်အစားများကို ပုံစံပြောင်းလဲခြင်း ချည်ပန်းထိုးနည်းပညာဖြင့် အ၀တ်အစားများကို ဖာထေးခြင်း၊ ပုံစံပြောင်းလဲခြင်း ပြုလုပ်ကြပါမည်။ (ချည်းပန်းထိုးရာတွင် အသုံးပြုမည့် embroidery frame, ဂျိတ်၊ အပ်၊ အ၀တ်စများ ပါ၀င်ပါသည်။ အပေါက်အပြဲရှိသော အင်္ကျီများကို ပုံစံပြောင်းလဲလိုပါက ယူဆောင်လာပါ။)
ပစ္စည်းဖိုး- ၇,၅၀၀ ကျပ်၊ ဈေးနှုန်း – ၁၅,၀၀၀ ကျပ်

 

Weekend Community Market ကျင်းပမည့်အကြောင်းအသေးစိတ်

နေ့ရက် – ဇွန်လ ၈ရက် (စနေနေ့) & ဇွန်လ၉ရက် (တနင်္ဂနွေ)
အချိန် – နံနက် (၉) နာရီ မှ ညနေ (၅) နာရီ

Venue/ပြုလုပ်မည့်နေရာ-

Lycee Francais International de Yangon – LFIR – French School of Yangon
Windermere Gardens, No. (6), Oo Yin Street, Kamaryut Tsp, Yangon
ဝင်ဒါမီယာ အိမ်ယာ၊ အမှတ် (၆)၊ ဥယျာဉ်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်

Gentle reminder to please bring reusable tote bag bag and water bottle to shop responsibly.

SheCreates Weekend Community Market ကို လာရောက်ရင်လည်း ပြန်လည်အသုံးပြုလို့ရတဲ့ စျေး၀ယ်အိတ်နဲ့ ရေဘူးကို ယူဆောင်လာဖို့ အသိပေးတိုက်တွန်လိုက်ပါတယ်။

Join 𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬’ 𝐁𝐮𝐬 𝐓𝐨𝐮𝐫 over the weekend!

Participate in this cultural experience as you’ll tour various artisan workshops across Yangon. On 8th and 9th of June we’ll start off our trip at 8:30 am in the morning from the SheCreates Showroom in Sanchaung and have multiple stops per day before the ending the trip at the LFIR – French School of Yangon for our SCW24 weekend community market.

Do note that the last stop of the tour will be at the SheCreates Community market at the LFIR – French School of Yangon! However a bus will return to SheCreates showroom, 30 minutes after arriving at the LFIR. This is arranged for the convenience of those travelling in their own cars to Sanchaung.

𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞𝐬:

𝐉𝐮𝐧𝐞 𝟖, 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲

𝟖:𝟑𝟎 𝐚𝐦 Gather & leave from SheCreates Showroom in Sanchaung
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟏) 𝐂𝐡𝐮𝐂𝐡𝐮
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟐) 𝐇𝐥𝐚 𝐏𝐚 – 𝐁𝐮𝐫𝐦𝐚 𝐁𝐨𝐮𝐭𝐢𝐪𝐮𝐞 𝐛𝐲 𝐇𝐭𝐞𝐭𝐓𝐡𝐢𝐭
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟑) 𝐀𝐦𝐚𝐳𝐢𝐧𝐠 𝐆𝐫𝐚𝐜𝐞 𝐂𝐫𝐚𝐟𝐭𝐬 𝐚𝐧𝐝 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩
𝟏𝟐:𝟎𝟎 𝐩𝐦 𝐧𝐨𝐨𝐧 arrive at LFIR – French School of Yangon for SheCreates Community Market
* Bus will return to SheCreates Showroom 30 minutes after a short stop at market.

𝐉𝐮𝐧𝐞 𝟎𝟗, 𝐒𝐮𝐧𝐝𝐚𝐲

𝟖:𝟑𝟎 𝐚𝐦 Gather & leave from SheCreates Showroom in Sanchaung

𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟏) 𝐌𝐚𝐝𝐚𝐢 𝐒𝐡𝐚𝐲𝐢 𝐊𝐧𝐢𝐭𝐭𝐢𝐧𝐠 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 & 𝐒𝐮𝐧𝐟𝐥𝐨𝐰𝐞𝐫 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐲𝐞 𝐓𝐞𝐱𝐭𝐢𝐥𝐞𝐬
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟐) 𝐏𝐨𝐂𝐡𝐢𝐒𝐢𝐥𝐤
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝟑) 𝐊𝐨𝐤𝐤𝐨𝐲𝐚 𝐎𝐫𝐠𝐚𝐧𝐢𝐜𝐬
𝟏𝟐:𝟎𝟎 𝐩𝐦 𝐧𝐨𝐨𝐧 arrive at LFIR – French School of Yangon for SheCreates Community Market
* Bus will return to SheCreates Showroom 30 minutes after a short stop at market.

𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬’ 𝐁𝐮𝐬 𝐓𝐨𝐮𝐫 အကြောင်း

#SCW24 ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုဖြစ်တဲ့ “SheCreates Bus Tours” ကို သူမလက်ရာ ရက်သတ္တပတ်ရဲ့ နောက်ဆုံး စနေ၊ တနင်္ဂနွေ နေ့တွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ လက်မှုပညာအလုပ်ရုံဆွေးနွေးပွဲတွေကို သွားရောက်လေ့လာကြည့်ရှုပြီး ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အတွေအကြုံတွေ၊ ဗဟုသုတတွေအများကြီးကို ရရှိမှာဖြစ်လို့ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒီခရီစဉ်ကို ဇွန်လ (၈) ရက် နှင့် ဇွန်လ (၉)ရက်နေ့ နှစ်ရက်တိုင်တိုင် စမ်းချောင်းမြို့နယ်မှာရှိတဲ့ SheCreates Showroom ကနေ မနက် (၈)နာရီခွဲမှာ စတင်ထွက်ခွာမှာဖြစ်ပြီး လက်မှုအလုပ်ရုံတွေကို သွားရောက်လေ့လာပါမယ်။ SCW24 Weekend pop-up Market ရှိတဲ့ LFIR – French School of Yangon မှာ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

(သို့သော်လည်း မိနစ် (၃၀) အကြာတွင် LFIR – SheCreates Community Market မှ SheCreates Showroom သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ကိုယ်ပိုင်ကားဖြင့်လာရောက်မည့်သူများအဆင်ပြေနိုင်စေရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။)

Free Entry/
ဝင်ကြေးအခမဲ့

SCWeek'24-BusTour-Jun8-9

အချိန်ဇယား

ဇွန်လ (၈)ရက် စနေနေ့

နံနက် ၈း၃၀ အချိန်တွင် စမ်းချောင်းမြို့နယ်ရှိ SheCreates ပြခန်း မှ စတင်ထွက်ခွာပါမည်။

သဘာ၀ပတ်၀န်းကျင်ကို ချစ်မြတ်နိုးစိတ်ဖြင့် စွန့်ပစ်ပစ္စည်းများအသုံးပြုပြီး eco-friendly products များ ထုတ်လုပ်နေသော ChuChu လက်မှု့အလုပ်ရုံ

ပြည်တွင်းဖြစ်ချည်ထည်များကို အသုံးပြုပြီး ခေတ်မီဖက်ရှင်ကျလှပသည့် လက်ကိုင်အိတ်များထုတ်လုပ်လျက်ရှိသော Hla Pa အလုပ်ရုံ

သတင်းစာစက္ကူ၊ မဂ္ဂဇင်းစက္ကူ၊ အချိုရည်ဘူးခွံအဖုံးနှင့် လုံချည်စများကို ပုတီးလုံးပုံစံလေးတွေ ပြုလုပ်ပြီး ဆွဲကြိုး၊ နားကပ်၊ လက်ပတ်၊ ကီးချိန်းများ ဖန်တီးထုတ်လုပ်နေသော Amazing Grace Crafts and workshop လက်မှု့အလုပ်ရုံတို့ကိုသွားရောက်လည်ပတ်မည်ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် SheCreates Community Market ရှိသည့် LFIR – French Shcool of Yangon သို့ရောက်ရှိမည်ဖြစ်ပြီး မိနစ် ၃၀ အကြာတွင် SheCreates ပြခန်းသို့ ပြန်လည်ထွက်ခွာပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

ဇွန်လ (၉)ရက် တနင်္ဂနွေနေ့

နံနက် ၈း၃၀ အချိန်တွင် စမ်းချောင်းမြို့နယ်ရှိ SheCreates ပြခန်း မှ စတင်ထွက်ခွာပါမည်။

ရောင်စုံသလင်းကျောက်၊ ပယင်းကျောက်၊ အင်ကြင်းကျောက်များကို ကြိုးကျစ်နည်းပညာဖြင့် အလှဆင်လက်၀တ်ရတနာများ ဖန်တီးနေသည့် Madai Shayi- Knitting Accessories နှင့် ပြည်တွင်းဖြစ် သဘာ၀ဆိုးဆေး ကြာထည်၊ ပိုးထည်၊ ချည်ထည်တွေ ထုတ်လုပ်နေသည့် Sunflower Natural Dye Textiles ပြခန်းကို သွားရောက်ပါမည်။

ရှေးဟောင်းမြန်မာ့လက်ရက်ကန်းပညာဖြင့် ပိုးသားစစ်စစ် ဖန်တီးရက်လုပ်မှု၊ ပိုးနှင့် ချည် ရောစပ်ရက်လုပ်မှု၊ ပိုးနှင့် ငှက်ပျောပင်မှရရှိသော ချည်မျှင် ပေါင်းစပ်ရက်လုပ်မှုများဖြင့် အသုံးအဆောင်ပစ္စည်းများဖန်တီးနေတဲ့ PoChiSilk ကို သွားပါမည်။

သဘာဝတရားကြီးနှင့် လိုက်လျောညီထွေစွာ ဟန်ချက်မပျက်လည်ပတ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေရန် စသောရည်ရွယ်ချက်များနှင့် တည်ထောင်ထား‌သော Urban Farm တစ်ခုဖြစ်သည့် ကုက္ကိုယာ မြို့ပြစိုက်ခင်းတို့ကို သွားရောက်လည်ပတ်မည်ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် SheCreates Community Market ရှိသည့် LFIR – French Shcool of Yangon သို့ရောက်ရှိမည်ဖြစ်ပြီး မိနစ် ၃၀ အကြာတွင် SheCreates ပြခန်းသို့ ပြန်လည်ထွက်ခွာပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။