Sustainable Weaving Practice Trainings
A Step Towards Long-Term Viability of Cotton and Textile Industries
ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး အလေ့အကျင့်များ

From March 9 to 15, 2025, SheCreates organized a “Sustainable Weaving Practice Training 1” in Yangon with the support of Community Partners Myanmar (CPM) and partner organizations.
This program was planned, designed, and discussed over a period of three months and was implemented within a total project timeline of ten months.
The objectives were: To preserve traditional knowledge and skills in hand-spun cotton and backstrap weaving by learning from experts. To ensure the long-term sustainability of these crafts. To improve the quality and marketability of handwoven textiles.
Over seven days, participants engaged in both theoretical and practical lessons, covering topics such as: Yarn Theory; Hand-spinning techniques; Processing from raw cotton: Seed removal, cotton ginning, carding, roving, hand spinning, yarn sizing, twisting, and setting up the loom; Braiding techniques: Border pattern braiding for shawls; Textile care: Washing, drying, finishing, steaming (treatment house methods); Cost calculation for handwoven textiles; Packaging and display techniques; and Quality enhancement for textile production.
A total of 37 artisans and textile creators from across Myanmar applied, and 17 participants (9 handweavers and 8 textile designers) were selected from Kachin, Shan, Mon, Magway, and Yangon regions. On the final day (March 15, 2025), participants explored Yangon’s textile and handicraft market by visiting: SheCreates Showroom, Bogyoke Market, Hla Day Handicrafts Store, and Turquoise Mountain Textile Workshop & Showroom.
After the training, weaving-related equipment and materials will be delivered to four designated weaving centers, and Treatment House (Steaming House) techniques will be shared with local weaving studios. In May, a second training session will be held, where participants will apply their knowledge to create high-quality garments using handwoven fabrics. Stay updated through the SheCreates page and website for further details.
On March 16, 2025, Goethe-Institute Myanmar hosted a special event: “Taste of Weavers & Creators: A Gathering of Textile Enthusiasts.” This event featured: A cotton life-cycle exhibition; Live hand-spinning demonstrations; Networking for textile lovers; A marketplace featuring the works of trainees and SheCreates members; A Discussion Circle on textiles; A cultural dance performance by SheCreates members; and A traditional snack market. Around 400 guests attended and enthusiastically participated in the event.
Despite challenges, essential tools such as cotton gins, carding tables, spinning wheels, and weaving looms were gathered from various regions. Traditional techniques were passed down by respected weaving mentors, including: Daw Khin Than Myint & Daw Htay Htay Yee (Myanmar Yanant); Daw Khin Myint & Daw Yi (Retired weaving teacher from Myitkyina & Hand-spun cotton master); Daw Khin Lai Lai Phyu (Textile Engineer); Ma Khin Myo (Experienced Weaver from Yenanchaung), Ma Tu Tu (Experienced Weaver from Pakokku) and Daw Phyu Ei Thein (Sunflower Natural Dye Textiles) – Technical advisor for training planning and trainer on quality enhancement and textile finishing.
A huge thank you to all the partner organizations, facilitators, trainers, and volunteers who made this project a success. We also deeply appreciate the SheCreates Working Committee Members, Bogyoke Market, SheCreates artisans, Hla Day, Turquoise Mountain, and OMI Film Production for documenting the exhibition with photos and videos. Special thanks to Goethe-Institute Myanmar, particularly Ms. Mona and her team, for providing the auditorium venue for our showcase. Lastly, we extend our gratitude to all the attendees who came to support and celebrate Myanmar’s rich textile heritage.
၂၀၂၅ ခုနှစ် မတ်လ (၉) ရက်နေ့မှ (၁၅) ရက်နေ့အထိ “ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး အလေ့အကျင့်များ” သင်တန်း (၁) ကို SheCreates သူမလက်ရာမှ Community Partners Myanmar – CPM နှင့် မိတ်ဖက် အဖွဲ့အစည်းတို့ရဲ့ အကူအညီများနဲ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
စိတ်ကူးစဉ်းစား၊ ရေးဆွဲ၊ ဆွေးနွေးတိုင်ပင်ကြချိန် (၃) လ အပါအဝင် စီမံကိန်းကာလ(၇)လတာ စုစုပေါင်း(၁၀)လကြာ အချိန်တိုအတွင်းမှာ – လက်ငင်ချည်မျှင်နှင့် ရက်ကန်းပညာတို့နှင့် ပတ်သတ်ပြီး ပညာရှင်များထံမှ အမွေလက်ဆင့်ကမ်းနိုင်ရန်၊ ၎င်းတို့ကို ရေရှည်ထိန်းသိမ်းသွားနိုင်ရန်၊ ရက်ကန်းအထည်များ၏ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ဈေးကွက်မြှင့်တင်သွားရန် ရည်ရွယ်ချက်တို့နဲ့
(၇) ရက်တာ အချိန်တိုအတွင်းမှာ – ချည်မျှင်များအကြောင်း။ ရုန်းယသွား ပြုလုပ်ပုံ။ ဝါဂွမ်းမှတဆင့်၊ ဝါစေ့ထုတ်ခြင်း၊ ဝါဖွခြင်း၊ ဗိုင်းတောင့် ပြုလုပ်ခြင်း၊ လက်ငင်ချည်ငင်နည်း၊ လက်ငင်ချည် ကော်စာ နင်းခြင်း၊ ဆက်သွားဖီးခြင်း၊ ရက်ကန်းစင်တင်ခြင်း အဆင့်ဆင့်။ ပုဝါအမြိတ် ကျစ်နည်း။ အထည် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အထည် ပြုပြင်ခြင်း၊ ရေလျှော်ခြင်း၊ ညှစ်ခြင်း၊ ပေါင်းခြင်း၊ မီးပူတိုက်ခြင်း (Treatment house အသုံးပြုနည်း)။ အထည် ဈေးနှုန်းတွက်ခြင်း။ ထုတ်ပိုးခြင်း၊ ခင်းကျင်းပြသခြင်း။ အရည်အသွေးမြှင့်တင်ခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ လေ့လာခဲ့ကြပါတယ်။
သင်တန်းကို မြန်မာနိုင်ငံဒေသအနှံ့မှ ရက်ကန်းလက်မှဖန်တီး သူများနှင့် အဝတ်အထည်၊ အသုံးအဆောင်ဖန်တီးသူ ၃၇ ဦးမှ လျှောက်ထားကြပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတို့မှ ရက်ကန်းလက်မှုဖန်တီးသူ (၉) ဦးနှင့် အဝတ်အထည်ဖန်တီးသူ (၈) ဦး စုစုပေါင်း (၁၇) ဦးကို ရွေးချယ် တက်ရောက်စေခဲ့ပါတယ်။
သင်ခန်းစာနောက်ဆုံးနေ့ (၁၅.၃.၂၀၂၅) မှာတော့ ရန်ကုန်မြို့ရဲ့ လက်မှုနှင့် အထည်အလိပ်လက်ရာများရဲ့ ဈေးကွက်အကြောင်း လက်တွေ့လေ့လာနိုင်ရန် – သူမလက်ရာ ပြခန်း၊ ဗိုလ်ချုပ်ဈေး၊ Hla Day လက်မှုပစ္စည်းအရောင်းဆိုင်၊ Turquoise Mountain Myanmar ရက်ကန်းပြခန်းနှင့် အလုပ်ရုံတို့ကို သွားရောက်ခဲ့ပါတယ်။
သင်တန်းပြီးဆုံးသည့်နောက် သတ်မှတ်ဧရိယာ (၄) နေရာဆီကို အထည်ပေါင်းရုံနှင့် ဆက်စပ်ပစ္စည်းများအား ပို့ဆောင်သွားမှာ ဖြစ်ပြီး ဒေသ အသီးသီးမှာရှိတဲ့ ရက်ကန်းရုံများကို Treatment house သုံးပုံသုံးနည်း မျှဝေခြင်း အစီအစဉ်ကို သွားရောက် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သင်တန်းမှ သင်ခန်းစာများကို အသုံးချပြီး ထုတ်လုပ်ကြမယ့် ပိတ်စကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချော အဝတ်အထည်များကို ထုတ်လုပ်နိုင်မယ့် ဒုတိယသင်တန်းအစီအစဉ်များကို မေလမှာ ပြုလုပ်သွားမှာဖြစ်လို့ သူမလက်ရာ page နဲ့ website တို့မှာ စောင့်ကြည့်ပေးကြပါ။
၁၆.၃.၂၀၂၅ နေ့မှာတော့ Goethe-Institute Myanmar မှာ “Taste of Weavers & Creators, A Gathering of Textile Enthusiasts” “ရက်ကန်းနှင့် အထည်အလိပ် သဘာဝအလှတရားတို့တွေ့ဆုံရာ“အစီအစဉ်အနေနဲ့ – ဝါဂွမ်းသံသရာပြပွဲ၊ လက်ငင်ချည် လက်တွေ့ငင်ခြင်း၊ အထည်အလိပ် မြတ်နိုးသူများ တွေ့ဆုံခြင်း၊ သင်တန်းသူများနဲ့ သူမလက်ရာအဖွဲ့ဝင်များ အထည်အလိပ် ဈေးတန်း၊ Textile စကားဝိုင်း၊ သူမလက်ရာအဖွဲ့ဝင်များရဲ့ လက်ခတ်သံအကဖျော်ဖြေခြင်း၊ မုန့်ဈေးတန်းတို့ကို ခင်းကျင်း ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို ဧည့်သည်ပေါင်း ၄၀၀လောက်က စိတ်ဝင်တစားလာရောက် ခံစားအားပေးခဲ့ကြပါတယ်။
အခက်အခဲများကြားကနေ လိုအပ်တဲ့ ကိရိယာများ၊ ဝါကြိတ်ခုံ၊ ဝါဖွခုံ၊ ဗိုင်းငင်ရစ်၊ ချည်သေ့ခုံ၊ ဆပ်သွားဖီးကို ဒေသအနှံ့မှ စုစည်းပေးပြီး ရုန်းယသွားလုပ်နည်းနဲ့ လက်ငင်ချည်သင်ခန်းစာတွေကို မိမိတို့ဘဝတလျှောက်အတွေ့အကြုံပေါ်တည်ပြီး သင်ကြားပေးကြတဲ့ အဖွားဒေါ်ရီ၊ Myanmar Yanant မြန်မာ့ရနံ့မှ ဆရာမဒေါ်ခင်သန်းမြင့်နဲ့ မဌေးဌေးရီ၊ မြစ်ကြီးနား ရက်ကန်းကျောင်းအုပ်(အငြိမ်းစား) ဆရာမ ဒေါ်ခင်မြင့်၊ ဆရာ ဒေါ်ခင်လဲ့လဲ့ဖြူ၊ အမြိတ်ကျစ်နည်းသင်ကြားပေးတဲ့ ရေနံချောင်းမြို့မှ မခင်မြ၊ လိုအပ်သမျှ အကူအညီပေးသော ပခုက္ကူမှ မတူးတူး၊ စီမံကိန်းကျောရိုးနဲ့ Treatment house (Steaming House -အထည်ပေါင်းရုံ) ပုံစံကို စိတ်ကူးရေးဆွဲပေးပြီး၊ အရည်အသွေးမြှင့်တင်ခြင်းသင်ခန်းစာများကို မျှဝေပေးတဲ့ Sunflower Natural Dye Textiles မှ ဒေါ်ဖြူအိသိမ်း၊ ဒီစီမံကိန်းဖြစ်မြောက်အောင် ကူညီပေးကြသူမိတ်ဖက်အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ၊ လေ့လာရေးခရီးစဉ်မှာ ဧည့်ခံရှင်းပြပေးကြပါသော သူမလက်ရာ Working Committee Members များနဲ့ ဗိုလ်ချုပ်ဈေးမှ သူမလက်ရာအဖွဲ့ဝင်များ၊ Hla Day, Turquoise Mountain, အဖွားဒေါ်ရီရဲ့ အတ္ထုပ္ပတ္တိနှင့် ပြပွဲ ဗီဒီယိုနဲ့ ဓာတ်ပုံများ ဖန်တီးပေးတဲ့ OMI Film Production, ပြပွဲကျင်းပရန် Goethe-Institut Myanmar Auditorium ခန်းမကို အသုံးပြုခွင့်ပေးပါသော Goeth-Institute Myanmar မှ Ms.Mona နှင့် ဝန်ထမ်းများနှင့် ကြွရောက်ခဲ့သူအားလုံးကို သူမလက်ရာမှ ကျေးဇူးတင်ပါတယ်။