
We SheCreates team has held fruitfully the event of SheCreates Week23′ in last year and here is a time to create another milestone momentum SheCreates Week24′.
The event aimed to celebrate the creativity, resilience, and talent of women in Myanmar. By showcasing their craftsmanship, the event likely sought to highlight the diverse skills and artistic expressions of women within the country.
SheCreates Week 2024 is a platform to celebrate, promote, and support women’s creativity, promoting locally made products and traditional handicrafts, increasing appreciation for women’s craftsmanship in Myanmar, while also fostering a sense of community and collaboration among women in creative fields.
Organized by SheCreates သူမလက်ရာ, a platform for female creators in Myanmar, Spain in Myanmar the Embassy of Spain,European Union in Myanmar and other partners, SheCreates Week 2024 will be a week-long event from 3 June to 9 June 2024.
In addition to engaging panel discussions with speakers from various backgrounds, SCW24 also features an exhibition, practical creative workshops, and pop-up markets on the weekends. We will keep updating the details whole week program on our social media page.
Join us for a week to connect, exchange views, and spark innovative ways to empower entrepreneurship. Register here to attend the various panels and workshops. Stay Tuned with SCW’24.
မနှစ်က ပြုလုပ်ခဲ့တဲ့ သူမလက်ရာ ရက်သတ္တပတ်တာ SheCreates Week23′ ကို အောင်မြင်စွာကျင်းပအပြီးနောက်မှာတော့ သူမလက်ရာအဖွဲ့သားတွေက ဒီနှစ်မှာလည်း SheCreates Week24′ ကိုထပ်မံကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက်မှာလည်း သူမလက်ရာအဖွဲ့သားတွေဟာ မြန်မာအမျိုးသမီးတို့ရဲ့ ဖန်တီးမှု အနုပညာလက်ရာတွေကို ပိုမိုကျယ်ပြန့်စွာ သိရှိလာစေဖို့ လုပ်ဆောင်လျက်ရှိတဲ့ နေရာပလက်ဖောင်းတစ်ခုဖြစ်သော သူမ လက်ရာ – She Creates၊ စပိန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ နှင့် အခြားသော မိတ်ဖက် အဖွဲ့အစည်းတို့ ပူးပေါင်းပြီး SheCreates Week 2024 အစီအစဉ်ကို ဇွန်လ (၃ – ၉) ရက်နေ့အထိ တစ်ပတ်ကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
#SCW24 အစီအစဉ်မှာ ကဏ္ဍမျိုးစုံက ဆွေးနွေးဟောပြောသူတွေရဲ့ စကားဝိုင်းအစီအစဉ်များ ၊ စာတမ်းဖတ်ပွဲများ ပါဝင်မယ့်အပြင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး အနုပညာလက်ရာ ပစ္စည်းတွေကို လက်တွေ့ဖန်တီးနိုင်မယ့် အစီစဉ်တွေ၊ လက်မှုပစ္စည်းတွေကို ဝယ်ယူ လေ့လာနိုင်မယ့် ပြပွဲ နဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ပြုလုပ်သွားမယ့် community market ဈေးပွဲတော် အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ သူမလက်ရာတစ်ပတ်တာ ပွဲအစီအစဉ်များကို သူမလက်ရာရဲ့ လူမှုကွန်ယက်စာမျက်နှာများကနေ အသေးစိတ် တင်ပေးသွားမှာဖြစ်ပါတယ် ။
ခက်ခဲနေချိန်မှာ အမျိုးသမီးတို့ အတူတကွ ကြိုးစားရင်ဆိုင်နေကြတဲ့ အခိုက်အတန့်များကို အားပေး ချီးမြှောက်ဖို့ #SCW24တစ်ပတ်တာ ကာလကို အတူဖြတ်သန်းပြီး မိတ်ဆွေတို့ရဲ့ အတွေးအမြင်များတွေကို ဖလှယ်ကာ တီထွင်ဖန်တီးမှုများကို အစပြုလိုက်ပါ။ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများနဲ့ လက်တွေ့ အလုပ်ရုံဆွေးနွေးပွဲများမှာ ပါဝင်နိုင်ဖို့ မကြာမီ ပို့စ်တွေမှာ ပေးထားမဲ့ လင့်ခ်များမှာ အမည်စာရင်းပေးသွင်းကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ လူဦးရေ အကန့်အသတ်ရှိတာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုပါတယ်။
သီတင်းပတ် တစ်ပတ်လုံး ကျင်းပသွားမယ့် SheCreates Week 2024 ကို မိတ်ဆွေတို့ရဲ့ ပြက္ခဒိန်မှာ အခုပဲ မှတ်ထားလိုက်ဖို့ သတိပေးပြောကြားထားပါစေ။