
မြန်မာ့ရက်ကန်းထည် အရည်အသွေးမြှင့် အစီအစဉ်”
Training Module (1) သင်တန်း အစီအစဉ် (၁)
စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့က ဖြေရှင်းနိုင်မှုပါပဲ အထည်အလိပ်လုပ်ငန်း လုပ်ကိုင်သူတွေ အားလုံး ကြုံတွေ့နေရတဲ့ အရည်အသွေး အားနည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို အတူတူ လေ့ကျင့်ကြရအောင်လား။
ပြည်တွင်းထုတ် ကုန်ကြမ်းမလုံလောက်မှုဆိုတဲ့ စိန်ခေါ်မှုတခုနဲ့ ကြုံတွေ့နေကြရတာတင်မက လက်ငင်ချည်ဆိုတဲ့ ဝါလက်ငင်ချည် ငင်နည်းကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြရင်း ငင်မယ့်သူနည်းပါးလာတာကနေ ပျောက်ကွယ်တော့မှာလားလို့ စိုးရိမ်နေကြပြီလား။
သူမလက်ရာရဲ့ ရည်ရွယ်ချက် စံတန်ဖိုးတွေထဲက ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုတဲ့ အရေးကြီးတဲ့ အမွေအနှစ် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်တော့မှာ ဖြစ်လို့ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်ချင်ပါတယ်။
ချည်လို့ပြောကြရင် ချည်အမျိုးအစားတွေ၊ ချည်နံပါတ်တွေ၊ ဘယ်ချည်နံပါတ်က ဘယ်လိုအမျိုးအစား အထည်တွေ ရက်လုပ်နေကြလဲဆိုတဲ့ ချည်မျှင်သင်ခန်းစာ။
မိတ္ထီလာမြို့မှ အသက် ၈၀ ကျော် အဖွား ဒေါ်ရီ၏ အသက်မွေးဝမ်းကျောင်း ပညာရပ်တခု ဖြစ်သည့်အပြင် ရိုးရာအမွေအနှစ် တခု ဖြစ်သော လက်ငင်ချည်ငင်နည်းသင်ခန်းစာ။
အမွေအနှစ်အဖြစ် ရေရှည်ထိန်းသိမ်းသွားဖို့ရာ နည်းပညာတွေသာမက အထည်အလိပ်ဒီဇိုင်းများလည်းပါပါတယ်။
ထို့အပြင် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် ဝါစိုက်ပျိုးရာကနေစလို့ ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း၊ ရက်လုပ်ခြင်း အဆင့်ဆင့်တိုင်းက အရည်အသွေးပြည့်နေဖို့လိုပါတယ်။
အရည်အသွေးထိန်းသိမ်းခြင်းသင်ခန်းစာနဲ့အတူ ချည်ထည်များကို ချုပ်လုပ်သူများ လက်သို့ မရောက်ခင် ကျုံ့ခြင်းအဆင့် ပြီးစီးအောင် အထည်ပေါင်းခြင်းသင်ခန်းစာ၊ အရောင်ကျွတ်ခြင်းအား ထိန်းသိမ်းခြင်း သင်ခန်းစာ၊ အထည်ပေါင်းရုံ အသုံးပြုနည်းအဆင့်ဆင့်တို့ကို လက်တွေ့သိရှိနိုင်မည့် သင်တန်းဖြစ်ပါမယ်။
အရည်အသွေး မြင့်လာတာနဲ့အမျှ သုံးစွဲသူများ စိတ်ကျေနပ် လာနိုင်သလို ရောင်းအားတွေလည်း တိုးလာမှာ ဖြစ်လို့ တပိုင်တနိုင် လုပ်ငန်းများ ကနေ တဆင့်တိုးပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတသော မြန်မာ့အထည်အလိပ် ဈေးကွက်တခု ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။
သင်ခန်းစာများ
- ချည်မျှင်သီအိုရီ
- လက်ငင်ချည် ငင်နည်း
- ရက်ကန်းထည်အရည်အသွေးမြှင့်တင်နည်း
- အထည်အလိပ်အရည်အသွေးထိန်းသိမ်းနည်း
လျှောက်ထားနိုင်သူများ
- လက်ငင်ချည်ငင်နည်းနှင့် အထည်အလိပ်အရည်အသွေးမြှင့်တင်ရန် ပြုပြင်ခြင်းများကို စိတ်ဝင်စားသော ရက်ကန်းရုံများတွင် လုပ်ကိုင်နေသောသူများ
- သူမလက်ရာအသင်းဝင်များထဲမှ အထည်အလိပ်ကို အသုံးပြုပြီး ထုတ်ကုန် ဖန်တီးနေသူများ
Training Period: Second week of March, 2025
သင်တန်းကာလ – မတ်လ ဒုတိယအပတ် ၂၀၂၅
Training Length: 7 days
သင်တန်းရက်ကြာချိန် – ၇ ရက်
This training is FOC, we request full commitments from the selected participants for all 7 days.
ယခုသင်တန်းကို အခမဲ့တက်ရောက်နိုင်ပါသည်။ မြန်မာ့ ယက္ကန်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြုလုပ်သည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်ရန် လျှောက်ထားပြီး အရွေးချယ်ခံရပါက သင်တန်းကာလ (၇)ရက်တိတိကို မပျက်မကွက် တက်ရောက်ရမည် ဖြစ်ပါသည်။
Travel and accommodation cost will be covered for the selected participants.
နယ်ဝေးမှ လျှောက်ထားသူများ သင်တန်းတက်နေစဉ်ကာလအတွင်း နေထိုင်ရေးနှင့် လမ်းခရီးစရိတ်များကို စီစဉ်သူဘက်မှ ကျခံပေးမည်ဖြစ်ပါသည်။
Application Form Link: https://forms.gle/X43CDaDAjmGMo1tx9