
Indigo Pigment Extraction Project
Collaboration of Myanmar Yanant, SheCreates & Sunflower Natural Dye Textiles
A long time ago, indigo-dyed fabric was a popular clothing choice, earning it the nickname “the endlessly recurring blue cloth.” Before the advent of chemical dyes, natural dyes were widely used, with the deep blue from indigo leaves being the most vibrant and sought after.

Daw Khin Than Myint (Myanmar Yanant) with her indigo scarf.
The process of brewing indigo began during the reign of King Min Tone, and you can still find ancient indigo brewing tanks from that era in Amarapura, Mandalay Division. The primary dye plant in Myanmar is Indian indigo, scientifically known as Indigofera tinctoria. However, the rise of chemical dye powders led to a decline in traditional dyeing methods, which require considerable patience.
Today, the skill of extracting dye from indigo plants and preparing indigo pots is rare, and skilled artisans capable of precise indigo dyeing are becoming increasingly hard to find. In 2000, the craft was revitalized through collaboration with Japanese experts. Ms. Khin Than Myint, a natural dyer and weaver from “Myanmar Yanant,” produces natural blue dyes from indigo leaves, with her creations prominently featuring indigo-dyed fabrics sourced from local plantations.
To preserve this knowledge, discussions have commenced to document and research the dyeing process comprehensively. Ms. Khin Than Myint, a founder of “Myanmar Yanant,” will conduct a training session at Sunflower Natural Dye Textiles House as part of the “SheCreates” program. We will document the training, create videos, and compile an “Indigo in Myanmar” journal.
မဲနယ်ပြာ ဆိုးဆေး ထုတ်ယူခြင်း အစီအစဉ်
မြန်မာ့ရနံ့၊ သူမလက်ရာ၊ ဆန်းဖလားဝါး တို့ ပူးပေါင်းဆောင်ရွက်သည်။
ရှေးရှေးက “တခါလာလည်း မဲပြာပုဆိုး“လို့ တင်စားကြရတဲ့၊ မဲအနှစ်နဲ့ဆိုးပြီး ရက်တဲ့ အဝတ်အထည်ကို အသုံးပြုခဲ့ကြသည်။ လူအများကြား ရေပန်းစားသည့် ဂျင်း (jeans)၊ ဂျင်းအပြာ (blue jeans/blue denim) ၏ မူလအစသည် ယင်းမဲပြာ၊ သဘာဝအင်ဒီဂို အပြာပင် ဖြစ်သည်။
အင်ဒီဂို အပြာသည် အောက်ခြေ အခြေခံလုပ်သားများကို ကိုယ်စားပြုသော၊ အသုံးပြုရသော အရောင်ဖြစ်သည်။ အခြား အရောင်များနှင့် ယှဉ်လျှင် ဆေးရောင်ခိုင်ခြင်း၊ အပေအတေခံခြင်း၊ အသုံးခံခြင်းတို့ကြောင့် ကမ္ဘာနှင့်အဝှမ်း လူသုံးများသော အရောင်၊ စျေးကွက်ရှိသော အရောင်ဖြစ်သည်။
ဓာတုဆိုးဆေးများ မပေါ်ခင်၊ သဘာဝဆိုးဆေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီး၊ သဘာဝဆေးဆိုး အရောင်များတွင် ဆေးသားစွဲပြီး၊ လူကြိုက်များသည့် အရောင်ဆိုပါက မဲရွက်နှင့်ဆိုးသော အပြာရောင်၊ အင်ဒီဂို (indigo) အပြာ ဖြစ်သည်။
ဗမာဘုရင် မင်းတုန်းမင်းလက်ထက်တွင် မဲနယ်ချက် စက်ရုံအဖြစ် ထူထောင်လုပ်ကိုင်ခဲ့ရာ၊ လက်ရှိ အချိန်အထိ မဲနယ်ကန် အဟောင်းများကို အမရပူရမြို့တွင် တွေ့နိုင်သည်။ မြန်မာပြည်တွင် အများဆုံး အသုံးပြုသည့် မဲမျိုးစိတ်မှာ Indian indigo မျိုး ဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Indigofera tinctoria ဖြစ်သည်။
ခေတ်ကာလတခုမှာ လွယ်လွယ်ကူကူ ဝယ်ဆိုးနိုင်တဲ့ ဓာတုဆိုးဆေး အမှုန့်များ၊ သုံးစွဲလာကြတဲ့အခါ၊ အချိန်ပေး စိတ်ရှည်ရတဲ့ မဲအနှစ်ဖြင့် ဆိုးနည်းကို အသုံးမပြုတော့သလောက် သုံးသူ နည်းပါးလာသည်။
မဲနှစ်ထုတ်ခြင်း၊ မဲအိုးဖောက်ခြင်း၊ မဲဆိုးခြင်းတို့ကို အသေအချာ ဆိုးတတ်တဲ့သူ ရှားပါးလာသည်။ မဲဆိုးနိုင်သူ လက်ချိုးရေလျှင် လက် ၁၀ ချောင်း မပြည့်တော့တဲ့ အထိ နည်းပါးလာသည်။
၂၀၀၀ ခုနှစ်တွင် ဂျပန်ပညာရှင်များနှင့် ပူးပေါင်းပြီး ပြန်လည် ထုတ်ဖော်ခဲ့ကြသည်။ မြန်မာနိုင်ငံမှာ သဘာဝအပြာရောင်ကို မဲရွက်မှ ဆိုးဆေး ထုတ်လုပ်နေသူများထဲတွင် မြန်မာ့ရနံ့မှ ရက်ကန်းနဲ့ သဘာဝဆိုးဆေးပညာရှင် ဒေါ်ခင်သန်းမြင့်လည်း တယောက် အပါအဝင် ဖြစ်သည်။
မြန်မာ့ရနံ့ ဖန်တီးမှုများရဲ့ ထူးခြားချက်မှာ လက်ငင်ချည်ကို သဘာဝဆိုးဆေးဖြင့်သာ ဆိုးထားတဲ့ အထည်များ ဖြစ်သည်။ ယင်းတို့တွင် မဲပြာကို အဓိကထား သုံးစွဲပြီး၊ ကိုယ်ပိုင် မဲပင်စိုက်ခင်းများမှ၊ မဲနှစ် ထုတ်၊ ကိုယ်တိုင် ဆိုး၊ ကိုယ်တိုင် ရက်တဲ့ အထည်များကို ထုတ်လုပ်သည်။
ယခု မဲပြာထုတ်လုပ်ခြင်း၊ မဲဆိုးခြင်း ပညာရပ်ကို လက်ဆင့်ကမ်းနိုင်ရန် ဆွေးနွေးဖြစ်ကြပြီး၊ မဲရွက်ခူးသည့် အဆင့်မှ စပြီး မဲနှစ်ထုတ်၊ မဲနှစ်ဆိုး အဆင့်ဆင့်တိုင်းကို မှတ်တမ်းမှတ်ရာနှင့် မှတ်သား သုတေသနပြုလုပ်သွားဖို့ ရည်ရွက်ချက်နဲ့ “မဲပြာအစီအစဉ်/ Indigo project” ကို စတင်ပါသည်။
သူမလက်ရာအဖွဲ့ဝင် မြန်မာ့ရနံ့ အမှတ်တံဆိပ် ပိုင်ရှင် ဒေါ်ခင်သန်းမြင့်ရဲ့ နှစ်ရှည်လများ လေ့လာအသုံးပြုလာသော ပညာရပ်များကို၊ Sunflower Natural Dye Textiles House တွင် သူမလက်ရာ ၏ စီစဉ်မှုဖြင့် ယခုအစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်သည်။
သင်တန်းကာလတွင်း ပြုလုပ်ဆောင်ရွက်ချက်များကို မှတ်တမ်းများ ထားရှိခြင်း၊ ဗီဒီယို ရိုက်ကူးခြင်း ပြုလုပ်ပြီး၊ “မြန်မာပြည်မှ မဲ“ဂျာနယ်/ “Indigo in Myanmar” Journal ကို ပြုစုသွားမည်။
“မဲ”နှင့် ပတ်သတ်ပြီး စမ်းသပ်ခြင်းနှင့် အချက်အလက် မှတ်တမ်းတင်ခြင်းကို စိတ်ဝင်စားသူများ၊ လက်တွေ့ အသုံးချမည့်သူများ တက်ရောက်နိုင်သည်။
Let’s delve into indigo and use it to preserve the rich heritage of this beautiful dye.
မဲနှစ်၊ မဲပြာနဲ့ ပတ်သတ်သော အမွေအနှစ်ကို ထိန်းသိမ်းသွားနိုင်ရန် လေ့လာအသုံးပြု ကြည့်ကြရအောင်ပါ။
Program Details/အစီအစဉ် အသေးစိတ်
- Date/နေ့ရက် – Nov 26, 27 & 28, 2024/ နိုဝင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်၊ ၂၀၂၄
- Time/အချိန် – 9:00 am to 4:00 pm/ နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ
- Location/နေရာ – Sunflower/ ဆန်းဖလားဝါး – 10 Mile, Insein/ ဆယ်မိုင်၊ အင်းစိန်
Indigo Leaves Picking Trip – On the morning of the Novemeber 26th, we will collect indigo in Hmawbi Township, departing at 6:00 a.m. from the “SheCreates” Showroom./ မဲရွက်ခူးခြင်း အထူးအစီအစဉ် – မှော်ဘီရှိ မဲစိုက်ခင်းတွင် မဲရွက်ခူရန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၆ နာရီတွင် သူမလက်ရာပြခန်းမှ ထွက်ပါမည်။
Only 10 participants can join the course./သင်တန်းသား ဦးရေ ၁၀ ဦးသာ လက်ခံသင်ကြားပါမည်။
- Fee/သင်တန်းကြေး – 400,000 Ks (First five registrants will receive a discounted fee of 300,000 Ks.)/ ပထမဆုံး သင်တန်းအပ်သူ ငါးဦးကို တဦးလျှင် ၃၀၀,၀၀၀ိ/- သာ ကောက်ခံပါမည်။)
- Contact & Register/ဆက်သွယ် စာရင်းသွင်းရန် – 09-972-248032