“naynay – 12 Art Exhibition”

nay nay 12 exhibition

naynay actively supports children battling cancer …

 

Retinoblastoma ဝေဒနာရှင်များအား ကူညီထောက်ပံ့ပေးလျက်ရှိပြီး၊ လက်ရှိမှာလဲ သူမရဲ့ အနုပညာလက်ရာများဖြစ်တဲ့ doodle၊ acrylic ပန်းချီများ …

“naynay” has had a passion for art since childhood and has always loved to paint. Her enthusiasm for painting blossomed during her time at the “Do Re Mi” Music School, where she participated in the “Art & Handicrafts” program. To further enhance her skills, she attended various art schools, including River Art School, YAG Painting, Kids Can Draw – La Peintre, and Sunflower Art Gallery. Through these experiences, naynay has significantly improved her artistic abilities and creative expression.

With her artistic talent and a deep commitment to her community, naynay actively supports children battling cancer. During the school holidays, she had the opportunity to draw with these brave young patients at Hero School in the hospital. In addition to creating handicrafts, she dedicates her time to volunteering for their enrichment and well-being.

In 2022, naynay took a significant step by showcasing her artwork at SheCreates Showroom. The proceeds from the showroom support patients with retinoblastoma. Currently, her creations—including doodles and acrylic paintings on tote bags, T-shirts, and bookmarks—are on display and available for purchase. Additionally, she conducts workshops in handicrafts, doodle art, and block printing.

The “naynay – 12 Art Exhibition” has been organized to celebrate naynay’s 12th birthday and showcase her artwork. We warmly invite you to come and explore naynay’s youthful and inspiring creations. Join us in applauding her artistic journey and congratulating her on reaching this special milestone.

နေနေဟာ ကလေးငယ်အရွယ်တည်းက ပန်းချီပညာကို စိတ်ဝင်စားပြီး ပန်းချီဆွဲရတာကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပါတယ်။ သူမ မူကြိုအရွယ်မှာ တက်ရောက်ခဲ့တဲ့ “Do Re Mi” Music School မှာ “Art & Handicrafts” သင်တန်းကို တက်ရောက်သင်ယူခဲ့ရာမှစလို့ ပိုမို စိတ်အားထက်သန်လာခဲ့ပါတယ်။ River Art School၊ YAG Painting ၊ Kids Can Draw – La Peintre နှင့် Sunflower Art Gallery စတဲ့ Art School တွေမှာ တက်ရောက်လေ့လာခဲ့ပြီး သူမရဲ့ ပန်းချီအနုပညာနဲ့အရည်အချင်းကို မြှင့်တင်ခဲ့ပါတယ်။

သူမရဲ့ အနုပညာစွမ်းရည်နဲ့ လူမှုအသိုင်းအဝိုင်း အထူသဖြင့် ကင်ဆာရောဂါကို ခုခံတွန်းလှန်နေတဲ့ ကလေးလူနာများကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ ကျောင်းအားလပ်ရက်များတွင် Hero School ဆေးရုံ‌ကျောင်းမှာ ကင်ဆာရောဂါကို ခုခံနေတဲ့ ကလေးများနှင့်အတူ သူမ တတ်စွမ်းတဲ့ ပန်းချီဆွဲခြင်း၊ Handicrafts များပြုလုပ်ကာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်လျက်ရှိပါတယ်။

2022 ခုနှစ်မှာ သူမရဲ့ အနုပညာလက်ရာများကို SheCreates Showroomမှာ ပြသ‌ပြီး၊ သူမရဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ Showroom မှ ရရှိတဲ့ ဝင်ငွေနဲ့ Retinoblastoma ဝေဒနာရှင်များအား ကူညီထောက်ပံ့ပေးလျက်ရှိပြီး၊ လက်ရှိမှာလဲ သူမရဲ့ အနုပညာလက်ရာများဖြစ်တဲ့ doodle ၊ acrylic ပန်းချီများဆွဲသားထား‌သော အိတ်များ၊ တီရှပ်များနှင့် စာမှတ်ကဒ်များကို ပြသရောင်းချလျက်ရှိပြီး၊ Handicrafts Workshop, Doodle Art & Block Printing Workshops များကိုလည်း အလျင်းသင့်သလို ပြုလုပ်လျက်ရှိပါတယ်။

“naynay – 12 Art Exhibition” လေးကို နေနေ့ရဲ့ ၁၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သူမရဲ့ လက်ရာများကို အမှတ်တရ စုစည်းပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ထားပါတယ်။ ‌‌နေနေရဲ့ ငယ်ရွယ်တက်ကြွပြီး ဆွဲဆောင်မှုရှိတဲ့ လက်ရာတွေကို လာရောက်ခံစားကြည့်ရှုပြီး၊ သူမရဲ့ အနုပညာခရီးလမ်းရဲ့ မှတ်တိုင်လေးကို ကြိုဆို‌ဂုဏ်ပြု‌ပေးဖို့ ဖိတ်ခေါ်ပါရ‌စေရှင်။