
သူမလက်ရာ အရောင်းပြခန်းမှာ အချိန်ပြည့် အရောင်းတာဝန်ခံ ၁ ဦး (ကျား/မ) နှင့် အလုပ်သင် (ကျား/မ) ၂ ဦးကို ရှာဖွေနေပါတယ်။
အရောင်းပြခန်းလေးရဲ့ လုပ်ငန်းဆောင်တာများ အပေါ် စိတ်အားထက်သန်စွာဖြင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး လက်မှုပစ္စည်းများနှင့် ရိုးရာထည်များကို ချစ်မြတ်နိုးသူဆိုပါက ယခု လစ်လပ်နေသော အရောင်းတာဝန်ခံနေရာကို လျှောက်ထားဖို့ သင့်တော်ပါတယ်။
အလုပ်သင်များအနေဖြင့်လည်း Accounting,
Stock record card, Cash Book, Sales & Marketing, Indoor & Outdoor, Customer Service, Showroom Display, Language Polishing, Media,
Craft Training, Showroom Management စသည့် ပညာရပ်များကို လေ့လာနိုင်မှာပါ။
အလုပ်သင်ကာလ ပြီးဆုံးချိန်၌ “End of the Apprenticeship Certificate” ပေးအပ်မှာ ဖြစ်ပါတယ်။
လုပ်ငန်းအတွေ့အကြုံမရှိသေးသော်လည်း ပြခန်းဆိုင်ရာ လုပ်ငန်းစဉ်များ အားလုံးကို စိတ်အားထက်သန်စွာကြိုးစား လုပ်ကိုင်နိုင်သူဖြစ်ပါက သူမလက်ရာသို့ အောက်ဖော်ပြပါ link တွင် ပါရှိသော Application form ကို ဖြည့်စွက်လျှောက်ထားနိုင်ပါသည်။
အရောင်းတာဝန်ခံ လျှောက်လွှာ/ 𝐅𝐨𝐫 𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 –
https://forms.gle/weHS5vSLhhQKagnLA
အလုပ်သင် လျှောက်လွှာ/ 𝐅𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 –
https://forms.gle/sYYdm5Ei1nuii8vs8
______________________________
လစ်လပ်ရာထူး – အရောင်းတာဝန်ခံ ( ၁ ) ဦး၊ အလုပ်သင် (၂) ဦး
နောက်ဆုံး လျှောက်ထားရမည့်ရက် – မေလ (၃၀) ရက်
သူမလက်ရာ ပြခန်းလိပ်စာ –
အမှတ် (၂၈၃)၊ ဦးဝိစာရလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း – 09972248032
Email – shecreates.myanmar@gmail.com