
သူမလက်ရာမှ ပြုလုပ်နေသည့် မြန်မာရက်ကန်းထည် အရည်အသွေးမြင့် အစီအစဉ် သင်တန်းများထဲမှ Module (2) သင်တန်းဖြစ်သော Artsy Batik (2 days – ၂ ရက်တာ) ပါတိတ်ဆေးဆိုးခြင်းသင်တန်း ကို ဒေါ် စိန်စိန်လင်း နှင့် Play with Nature: Natural Dye Workshop သဘာဝဆိုးဆေး (3 days – ၃ ရက်တာ) သင်တန်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ Khun Nussara Tiengkate & Team တို့မှ လာရောက်ဝေမျှ သင်ကြားပေးမှာ ဖြစ်ပါသည်။
Natural Dye သဘာဝဆိုးဆေးကိုမြန်မာနိုင်ငံရှိ သဘာဝပစ္စည်းများကိုသာ အသုံးပြု လက်တွေ့သင်ကြားခြင်း၊ ပါတိတ်နှင့် ပါတိတ်ဆိုင်ရာ သမိုင်းကြောင်းများ ၊ ထုတ်လုပ်နိုင်သော ပါတိတ်ကုန်ပစ္စည်းများအကြောင်း တို့ကို ဝေမျှသင်ကြားပေးမှာဖြစ်လို့ ယခုသင်တန်းကို သူမလက်ရာအဖွဲ့ဝင်များသာမက သဘာဝအထည်များကို ချစ်မြတ်နိုးတီထွင်ဖန်တီးပြုလုပ်သူ မည်သူမဆို စိတ်ဝင်စားပါက လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ပါရစေရှင့်။
ယခုသင်တန်း ခေါင်းစဉ် ( ၂ ) မျိုးတွင် လူတစ်ဦးလျှင် သင်တန်းခေါင်းစဉ်တစ်မျိုးကိုသာ ရွေးချယ်
တက်ရောက်ခွင့် ရှိပါကြောင်း အသိပေး ပြောကြားပါရစေရှင်။
Training Topic (1) – Artsy Batik
by Artist Sein Sein Lin
• Date – 26-27 May 2025
• Place – Kokkoya Organics farm
(နှစ်ရက် သင်တန်း)
Training Topic (1) – Nature Dye
by Khun Nussara Tiengkate & Team
• Date – 29-31 May 2025
• Place – Kokkoya Organics farm
(သုံးရက် သင်တန်း)
သင်တန်းလျှောက်ထားရန် လင့်ခ်/Application Form Link: https://forms.gle/X43CDaDAjmGMo1tx9