On March 19, members of the SheCreates Board of Directors had the honor of attending an internal event hosted by the World Bank Myanmar in commemoration of International Women’s Day (IWD).
This special occasion, held at the invitation of the World Bank team, provided a wonderful platform to share the story of SheCreates—its origins, values, mission, and goals—while proudly showcasing the remarkable creations of our talented members.
We extend our heartfelt gratitude to the World Bank team in Myanmar for welcoming us and recognizing the craftsmanship of our local creators. Your appreciation means the world to us. On behalf of our entire community, we warmly invite you to visit our showroom and explore the artistry behind our work.
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (IWD) အထိမ်းအမှတ် အဖြစ် စီစဉ်ပြုလုပ်တဲ့ World Bank Myanmar ရဲ့ Internal Event လေးကို တာဝန်ရှိသူများရဲ့ ဖိတ်ကြားချက်အရ မတ်လ ၁၉ ရက်နေ့မှာ သူမလက်ရာ BOD အဖွဲ့ဝင်များမှ ကိုယ်စားပြုတက်ရောက်ခဲ့ကြပါတယ်။ အစီအစဉ်လေးမှာ သူမလက်ရာ စတင်ဖြစ်ခဲ့ပုံနှင့် စံတန်ဖိုးများ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး၊ သူမများရဲ့ ဖန်တီးမှုလက်ရာများကိုလည်း ဂုဏ်ယူစွာ ပြသခဲ့ကြပါတယ်။
အခုလို အဓိပ္ပာယ်ပြည့်ဝတဲ့ အစီအစဉ်လေးကို တက်ရောက်ဖို့ တန်ဖိုးထားဖိတ်ကြားပေးတဲ့ World Bank Myanmar မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို သူမလက်ရာအနေနှင့် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ Local made လက်မှုအနုပညာလက်ရာများကို တန်ဖိုးထား နှစ်သက်ကြတဲ့အတွက် Creators သူမများအားလုံးကိုယ်စား ကျေးဇူးတင်ဂုဏ်ယူရပါတယ်။ သူမလက်ရာပြခန်းကို လာရောက်လေ့လာဖို့အတွက်လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါရစေရှင်။