Anu Slow Fashion* is founded by Ms. Julia Khin Kyi Phyu Aung. “Anu” means “Mother” in the Chin language, and the one who offer unconditional love and cannot be bought with money in the world. In November 2020, she started a local brand that sells hand-woven cotton under the name “Anu”, which represents her mother, who loves making handmade.
The bedsheets, the pillow cases she slept when she was young, were all woven fabrics made by Anu. She has a different face from Anu, but she has the same hobby. Tailoring and weaving are inheritances from her Anu.
All the Botanical printing & natural dyeing products produced by Anu are using only natural leaves and barks. They only use pure Burmese cotton from weaving mills in the Upper Myanmar Region. They offer botanical printed scarf, blanket, bed sheet, shirt , dress, tote bags, and natural dye products.
The future goal is to add more creations on the Burmese botanical printing and natural dyeing for nature lovers and to expend the local and international market. Her main philosophy is to provide a happy service to nature lover who wears Anu‘s products.
She used to rely on the pure Burmese cotton to cool down while working on the hot weather. Similarly, she want people to have a cool feeling by wearing Anu’s ready to wear Botanical printing & natural dyeing products. Anu’s fabric and clothing are created with love and represents her childhood dreams by inspiring the love of breathable Burmese cotton and nature.
မဂျူလီယာခင်ကြည်ဖြူအောင်က “Anu” Slow Fashion ကို တည်ထောင်သူပါ။ Anu ဆိုတာ ချင်းဘာသာစကားနဲ့ “မေမေ”လို့ အဓိပ္ပာယ် ရပြီး တလောကလုံးမှာ ငွေနဲ့ ဝယ်လို့မရတဲ့သူ၊ မေတ္တာမကုန်းခမ်းနိုင်သူ ဖြစ်ပါတယ်။ လက်မှုပစ္စည်းတွေ လုပ်တာ နှစ်သက်ပြီး၊ အထူးသဖြင့် ရက်ကန်းရက်ရတာ ဝါသနာပါတဲ့ သူမရဲ့ “အနူး”ကို ကိုယ်စားပြုပြီး “Anu” အမည်နဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ မှာ ချည်ထည်၊ လက်ရက်ကန်းထည်တွေကို စတင် ရောင်းချခဲ့ပါတယ်။
သူမငယ်ငယ်က အိပ်ခဲ့ရတဲ့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေက သူမအနူးရဲ့ လက်ရာ ရက်ကန်းထည်လေးတွေ ပါပဲ။ သူမက အနူးနဲ့ မျက်နှာပုံစံမတူပေမယ့် ဝါသနာတော့ တူပါတယ်။ အချုပ်အလုပ်၊ ရက်ကန်းရက်တာ တွေက အနူးဆီက အမွေတွေပေါ့။
Anu က ထုတ်လုပ်တဲ့ သဘာဝပွင့်ရိုက်ထည်နဲ့ သဘာဝဆိုးဆေးသုံး ထုတ်ကုန်တွေ အားလုံးကို ဖန်တီးပြုလုပ်ရာမှာ၊ သဘာဝသစ်ရွက်သစ်ခက် အပွင့်အခေါက်တွေကိုသာ အသုံးပြုထားတာဖြစ်ပြီး၊ ချည်သားကိုလည်း အထက်အညာဒေသ ရက်ကန်းရုံတွေက ထွက်တဲ့ မြန်မာ့ချည်ထည် စစ်စစ်ကိုသာ အသုံးပြုထားပါတယ်။
သဘာဝပွင့်ရိုက်ထည် ပုဝါ၊ ခြုံထည်၊ စောင်၊ အိပ်ရာခင်း၊ အင်္ကျီ၊ လုံချည်၊ ဂါဝန်၊ ပိတ်စ၊ ခေါင်းစည်းကြိုး၊ tote bag အစရှိတဲ့ ထုတ်ကုန်တွေ အပြင် သဘာဝဆိုးဆေး ထုတ်ကုန်တွေကိုလည်း ဖန်တီး ထုတ်လုပ်နေပါတယ်။
အနာဂတ် ရည်မှန်းချက်ကတော့ ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့အတူ မြန်မာ့သဘာဝပွင့်ရိုက်ထည်နဲ့ သဘာဝဆိုးဆေးသုံး ထုတ်ကုန်လက်ရာတွေကို ပြည်တွင်းမှ သဘာဝချစ်သူတွေ အတွက် သာမက နိုင်ငံတကာ ဈေးကွက်အထိပါ ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်လို့ စိတ်ကူးထားပါတယ်။
Anu ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားပေးတဲ့ သဘာဝချစ်သူတိုင်းကို ပျော်ရွှင်စရာ ဝန်ဆောင်မှု ပေးနိုင်ဖို့က သူမရဲ့ အဓိကခံယူချက်ပါ။ သဘာဝပွင့်ရိုက်ထည်နှင့် သဘာဝဆိုးဆေး ထုတ်ကုန်တွေကို၊ ရိုးရိုးယဥ်ယဥ် အသင့်ချုပ်ထည် (ready to wear*) အဖြစ် ထုတ်လုပ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ ချည်ထည်တွေက အေးမြစေတဲ့ အတွက်ကြောင့်လည်း ထုတ်လုပ်တာပါ။
Anu (အနူး) က ထုတ်လုပ်တဲ့ အထည်တိုင်းဟာ မြန်မာ့ချည်ထည်တွေကို မြတ်နိုးတဲ့စိတ်၊ ဝတ်ဆင်သူတွေကို အေးမြစေချင်တဲ့ မေတ္တာ၊ အနူးရဲ့ ငယ်ဘဝ အိပ်မက်တွေကို ကိုယ်စားပြုနေတဲ့ နှလုံးသားနဲ့ ဖန်တီးထားတဲ့ မေတ္တာအထည်တွေ ဖြစ်ပါတယ်။