Burma Grace & Co. is specialized in producing local cotton fabrics for clothing and home ware items.
With a profound love for Burmese cotton fabrics and personal inspiration, Burma Grace & Co was founded. The company collaborates with local artisans to create indigenous products and handicrafts, designed to be delightful gifts for homes both domestically and internationally.
To support the circulation of money within the region and promote local economic growth, Burma Grace & Co sources raw materials exclusively from local producers. Their product range includes Table Mat Sets, Table Runners, Cushion Covers, Napkins, Bags, Fashionable Clothing, and Souvenir items. Burma Grace & Co‘s creations are truly products of Burma, highlighting the collective effort of all individuals involved in the production process. They prioritize sustainability by minimizing the use of plastic and paper to reduce pollution of the environment.
ဒေသထွက် ချည်ထည်များကို Clothing, Home ware Items များ အဖြစ် ဖန်တီးထုတ်လုပ်နေတဲ့ Burma Grace & Co ပဲ ဖြစ်ပါတယ်။
ဗမာချည်ထည်လေးတွေကို ချစ်မြတ်နိုးရာမှ မိမိနှစ်သက်ဝါသနာပါရာ စိတ်ကူးစိတ်သန်းများကို အခြေခံပြီး၊ အိမ်တွင်း လက်မှုအတက် လက်မှုပညာရှင်များနှင့် အတူတကွလက်တွဲကာ ဒေသထွက်ထုတ်ကုန်လက်မှု ပစ္စည်းလေးတွေကို ပြည်တွင်းပြည်ပ လက်ဆောင်လေးတွေ အဖြစ် ဖန်းတီးဖို့ Burma Grace & Co ကို စတင်ခဲ့ပါတယ်။
ဒေသအတွင်း ငွေကြေးစီးဆင်းမှုကို တထောင့်တနေရာကနေ အထောက်အပံ့ဖြစ်စေနိုင်ရန် ပြည်တွင်းထွက်ကုန်ပစ္စည်းများကိုပဲ ကုန်ကြမ်းအဖြစ် အဓိကထား အသုံးပြုထားပြီး၊ Table Mat Set, Table Runners, Cushion Covers, Napkins, Bags, Fashionable Clothes, Souvenir items များကို ထုတ်လုပ်လျက် ရှိပါတယ်။ ကမ္ဘာမြေနှင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်စေရန် ပလပ်စတစ်၊ စက္ကူစာရွက် အသုံးပြုမှုကို လျှော့ချတဲ့ အ လေ့အကျင့်ကို ကျင့်သုံး လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။
ဗမာပြည်ထွက် ကုန်ပစ္စည်းလေးတွေရဲ့ မြတ်နိုးဖွယ် လှပတင့်တယ်မှု၊ Made in Myanmar ရယ်လို့ ပြောပြဖို့ မလိုဘဲ မြန်မာပြည်ထွက်ကုန်လို့ သိစေလိုတဲ့ ရည်ရွယ်ချက်နှင့် Product တခု ဖြစ်လာဖို့ ချည်တစထွက်ဖို့ လုပ်ကိုင်ရတဲ့ တောင်ယာသူ/သား ယက်ကန်းပညာရှင် စက်ချုပ်ပညာရှင် စသဖြင့် ဖန်တီးသူအားလုံး ပေါင်းစည်းမှု ရလဒ်ဖြစ်တာကို ရည်ညွှန်းပြီး Burma Grace & Co (Cooperation) ဆိုပြီး မြန်မာ့ထွက်ကုန်များကို ဖန်တီး ထုတ်လုပ်လျက် ရှိပါတယ်။