“ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ/Daw YinKyay Spinach Noodle” ကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သို့ လာသူတိုင်းကြိုက်နှစ်သက်တဲ့ ညောင်ရွှေ ဆီချက်ခေါက်ဆွဲပါ။
သက်သတ်လွတ်သမားများ အတွက် ဟင်းနုနွယ် (သို့မဟုတ်) ရာသီပေါ် သီးနှံ/အရွက်များဖြင့် ကိုယ်တိုင် လုပ်ကြည့်ရာမှ၊ အခြားသူများပါ စားစေချင်တာကြာင့် စတင် ရောင်းချခဲ့တာပါ။
“ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ” ကို အင်းလေးမှ ဓါတုဓါတ်မြေဩဇာ မသုံးတဲ့ ဟင်းနုနွယ်ရွက်များကိုသာ အသုံးပြုသည်။ အချိုမှုန့်အစား၊ သဘာဝပစ္စည်းများနဲ့သာ ပြင်ဆင်ထားတာကြောင့်၊ ကျန်းမာရေးအတွက် စိတ်ချရပြီး၊ လူမျိုးဘာသာတိုင်း သုံးဆောင်နိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အနေနဲ့ ယခင် ဘိုးဘွားတွေလိုပဲ ခေါက်ဆွဲကို အင်းလေးဒေသထွက် ပဒုမ္မာကြာဖက် (သို့) အင်ဖက်နဲ့ ထုပ်ပိုးသည်။
ပဒုမ္မာကြာရွက်က ခေါက်ဆွဲရဲ့ အနံ့အရသာကို ပိုမိုထူးခြားစေပြီး၊ အနွေးဓါတ်ကိုလဲ ထိန်းပေးထားနိုင်သည်။
“ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ” အနေဖြင့် မိမိ၏ လျှာ/ဝမ်း ကျေနပ် ဖြည့်ဆည်းရုံသာမက၊ မိမိ နေထိုင်ကြီးပြင်း လုပ်ကိုင်စားသောက်လျက်ရှိတဲ့ ပတ်ဝန်းကျင် သဘာဝ၊ ရေမြေ၊ နောင်လာနောက်သားတို့အတွက် ထည့်သွင်းစဉ်းစားမှုကို အလေးထားသည်။