
DT Bathhouse’s Products/ထုတ်ကုန်များ –
- Green Tea Shampoo
- Keratin Sulfate-Free Shampoo
- Silky Hair Serum
- Conditioner Bar
- Pumpkin Body Shower
- Exfoliating Body Polish
- Body Treatment Oil
- Soy Wax Candle
- Hair and Body Mist (Odour Remover)
DT Bathhouse was founded by Ma Theint Zu Lwin in December 2018 and has been producing local natural cosmetic. She is the visionary and creative mind behind with the passion for beauty and leaving lasting impact on consumer.
She really loves to create quality skincare and haircare products and every product is using locally sourced as much as possible with genuine quality raw materials.
To expertise in beauty industry, she constantly study more and explore a new technology, trends, consumer feedback to develop products and diverse beauty needs.
Beyond beauty, she loves to support causes that empower and uplift individuals, with a particular focus on women empowerment and environmental sustainability.
DT Bathhouse ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ မသိမ့်ဇူလွင် ဟာ ၂၀၁၈ ဒီဇင်ဘာမှာ DT Bathhouse ကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းဖြစ် ဓါတုလျော့ချ အလှကုန် နဲ့ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နေတာပါ။
DT Bathhouse ရဲ့ ဖန်တီးမှုတိုင်းမှာ အတတ်နိုင်ဆုံး ပြည်တွင်းမှာ ထွက်တဲ့ အသီး၊ အရွက်၊ ဆေးဘက်ဝင် သစ်ဥ သစ်ဖုများမှ ထုတ်ယူ ပေါင်းခံပြီး (extract or distillation method) နိုင်ငံတကာ အရည်အသွေးမီ ထုတ်ကုန်ဖြစ်အောင် ကြိုးစားထုတ်လုပ်နေတဲ့ အမှတ်တံဆိပ် တခုပါ။
ကျန်းမာပြီး အာဟာရဖြည့်စွမ်းပေးနိုင်တဲ့ ဆံပင်၊ အသားအရည်နဲ့ ခန္ဓာကိုယ်တွေ ဖြစ်လာအောင် DT Bathhouse မှ ထုတ်ကုန်များကို အသုံးနိုင်ပါတယ်။
ကုန်ကြမ်းကောင်းမှ ထုတ်ကုန်ကောင်းမည် ဆိုတဲ့မူနဲ့၊ အရည်အသွေး စစ်မှန် ကောင်းမွန်တဲ့ ကုန်ကြမ်းများကို အဓိက အသုံးပြုပါတယ်။ အရည်အသွေး ကောင်းပြီး၊ သေသပ်ခေတ်မီတဲ့ ထုတ်ပိုးမှုမျိုးနဲ့ ပေါင်းစပ်ထားပါတယ်။
နိုင်ငံတကာနဲ့အမီ ထုတ်ကုန်ကောင်းတွေ ဖန်တီးနိုင်ဖို့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေပြီး၊ ပိုမို ကောင်းမွန်တဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်များ ဆက်လက် ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။