Gwat Gwat – ဂွက်ဂွက်, was Founded in 2018, and is creating cherished handicrafts from coconut shells which are plentifully grown in Myanmar.
By infusing modern designs with traditional craftsmanship, Gwat Gwat Handicraft aims to bring a touch of Myanmar’s cultural heritage into contemporary living spaces worldwide.
They are committed to producing high-quality, sustainable, and eco-friendly products that reflect the artistic prowess of local artisans.
They are offering an exquisite collection of coconut shell handicrafts such as coconut shell bowls, ladles, coffee cups, table clocks, handbags, foot massagers, vases, planters, a variety of lamps and so on.
မြန်မာနိုင်ငံတွင် လှပသော ကမ်းခြေများပေါများသလို အုန်းပင်များလည်း နေရာအနှံတွေ့ရှိနိုင်ပါသည်။ ကျန်းမာရေးအတွက် အုန်းရည်သောက်သည့်အလေ့အကျင့်ရှိကြသလို မြန်မာ့ရိုးရာအစားအသောက်၊ အချိုပွဲ၊ မုန့်များတွင်လည်း အုန်းသီးကိုခြစ်ကာ အုန်းနို့ရည်ကို ညှစ်ယူပြီး ဆန်၊ ကောင်ညှင်းတို့နှင့် ရောနှောကာ ပြုလုပ်လေ့ရှိကြပါသည်။ ၎င်းတို့မှ ထွက်ရှိလာသည့် အုန်းဆံများကို အပင်စိုက်ပျိုးရာတွင်အသုံးပြုကြသလို၊ သဘာဝဆေးဆိုးရာတွင်လည်း အသုံးပြုကြရာ လှပသည့်အရောင်များရရှိလေသည်။
ထို့အပြင် အုန်းမှုတ်ခွံ၊ အုန်းမှုတ်ခွက်များကို စွန့်ပစ်ခြင်းမပြုပဲ မြတ်နိုးဖွယ်ရာ လက်မှုအသုံးအဆောင်ပစ္စည်းများကို ဖန်တီးကြပါသည်။
အုန်းလက်ကို အခြောက်ခံပြီး တံမြက်စည်းအဖြစ်လည်းအသုံးပြုကြသောကြောင့် စွန့်ပစ်စရာ အလေအလွင့်မရှိသော သဘာဝကပေးထားသည့် လက်ဆောင်တခုဖြစ်ပါသည်။
ယင်းကဲ့သို့သော လက်မှုပစ္စည်း၊ အသုံးအဆောင်များကို ဖန်တီးနေသော “Gwat Gwat – ဂွက်ဂွက်” ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
“ဂွက်ဂွက်” သည် အုန်းခွံများဖြင့် မိရိုးဖလာရိုးရာလက်မှုပညာရပ်ကို လက်ဆင့်ကမ်းထိန်သိမ်းရင်း ခေတ်မီဆန်းသစ်သောဒီဇိုင်းများဖန်တီးလျက်ရှိပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ကမ္ဘာက အသိအမှတ်ပြုလက်ခံစေရန်လဲ ရည်ရွယ်ပါသည်။
ဒေသခံလက်မှုပညာရှင်များ၏ အနုပညာစွမ်းရည်ကို ထင်ဟပ်စေပြီး အရည်အသွေးမြင့်သော၊ ရေရှည်တည်တံ့သော၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ထုတ်ကုန်များကို တစိုက်မတ်မတ် ထုတ်လုပ်လျက်ရှိပါသည်။
ဂွက်ဂွက်၏ လက်ရာမြောက် ဖန်တီးမှုများမှာအုန်းမှုတ်ခွက်များ၊ ပန်းကန်လုံး၊ ရိုးရာရေမှုတ်၊ ကော်ဖီခွက်၊ အပင်စိုက်ပန်းအိုး၊ အလှထိုးပန်းအိုး၊ စားပွဲတင်နာရီ၊ လက်ကိုင်အိတ်၊ ကျန်းမာရေးခြေနင်းနှင့် မီးအိမ်မျိုးစုံ စသည့်ဖြင့် အမျိုးအစားစုံလင်လှပါသည်။