
Htaw ကနေ သေသပ်လှပသော လက်ချုပ်ဖိနပ်များကို ဖန်တီးထုတ်လုပ်နေတဲ့ လုပ်ငန်းပါ။ Htaw ကို ၂၀၂၀ ခုနှစ်မှာ ကိုရွေမိုးညိုနှင့်အတူ စတင်တည်ထောင်ခဲ့ပါတယ်။ ပြည်တွင်းထွက်ကုန်များကို လက်မှုပညာနဲ့ပေါင်းစပ်ကာ လူအများ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး ဈေးနှုန်း သက်သာစွာ ထုတ်လုပ် ရောင်းချပါတယ်။
Htaw ဖိနပ်များအားလုံးမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး၊ ပေါ့ပေါ့ပါးပါး နေ့စဉ် စီးနင်းနိုင်စေရန်အတွက် လှပပြီး သက်တောင့်သက်သာ ဖြစ်စေသော ဒီဇိုင်းများကို အဓိကထား ထုတ်လုပ်ပါတယ်။ ခုံမြင့်ဖိနပ်များရဲ့ အပြင်ဘက်တွင် recycle ပလက်စတစ်အပျော့သားကို အသုံးပြုထားပါတယ်။
Htaw အမှတ်တံဆိပ်ဟာ ဆိုရင် သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက်မဖြစ်စေဖို့အတွက်လည်း သတိပြု လုပ်ကိုင်လျက်ရှိတဲ့ တနိုင်တပိုင်လုပ်ငန်းတခုပါ။