Dr. Myat Thita Khin is the founder of M.House Natural Dyed Silk & Cotton. She is an obstetrician too.
M.House was established in September 2021. Since her hometown is Mandalay, she has been familiar with weaving and dyeing since she was a child. When she entered the workplace, she encountered the lack of income of women. In order to solve the difficulties of being dependent on men and to create job opportunities, she started M.House.
M.House is focusing on weaving and currently working with 15 employees. Their products are 100% locally natural dyed cotton and 100% natural dyed silk. Along with hand-woven fabrics, they produce ready-to-wear clothing that can be worn in any season.
Since M. House‘s creations are not the fast fashion, they preserve environmental pollution. They create the 100% handwoven fabrics in own design and guaranteed good quality.
In the future, they believe their products are appreciated by local markets and they intend to import high quality authentic Burmese cotton to the foreign market.
M.House Natural Dyed Silk & Cotton ကို သားဖွားမီးယပ်ဆရာဝန် ဖြစ်သူ ဒေါက်တာမြတ်သီတာခင်က တည်ထောင်ခဲ့တာပါ။
M.House ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူမရဲ့ မွေးရပ်မြေက မန္တလေး ဖြစ်တဲ့အတွက် ရက်ကန်းတွေ၊ ဆိုးဆေးလုပ်ငန်းတွေကို ငယ်စဉ်ကတည်းက မစိမ်းခဲ့ပါဘူး။ သူမအလုပ်ခွင်ဝင်ရောက်တဲ့အခါ အမျိုးသမီးတွေရဲ့ ဝင်ငွေ မရှိမှုတွေကို ကြုံတွေ့ရတာကြောင့် အမျိုးသားတွေအပေါ် မှီခိုရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရန်နဲ့ ကိုယ့်ဒေသမှာ အလုပ်အကိုင်တွေ ပိုမို့ဖွံ့ဖြိုးလာရန်ဆိုတာတွေက တည်ထောင်ရခြင်းရဲ့ အခြေခံအချက်တွေ ဖြစ်လာခဲ့ပါတယ်။
M. House ရဲ့ အဓိကဖြစ်တဲ့ ရက်ကန်း လုပ်ငန်းကိုလက်ရှိမှာ ဝန်ထမ်း ၁၅ ယောက်နဲ့ လုပ်ကိုင်နေပြီး ကုန်ကြမ်းအဖြစ် ပြည်တွင်းဖြစ် သဘာဝဆိုးဆေးချည် ၁၀၀%၊ သဘာဝဆိုးဆေးပိုး ၁၀၀%တို့ကိုအသုံးပြုပါတယ်။ လက်ရက်ကန်းထည်များနဲ့ အတူ ရာသီမရွေး အသင့်ဝတ်ဆင်နိုင်တဲ့ (ready to wear) ချည်ထည်အဝတ်အထည်များကို ထုတ်လုပ်လျက်ရှိပါတယ်။
M. House ရဲ့ ဖန်တီးမှုက သာမန် Fast Fashion* တွေမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းနိုင်တဲ့ အပြင် ၁၀၀% လက်ရက်ကန်း အထည်တွေကို ကိုယ်ပိုင် ဟန်ပန်များစွာနဲ့ အရည်အသွေးကောင်းမွန်ခြင်းကိုလဲ အာမခံနိုင်ပါတယ်။
ရှေ့ဆက်ပြီး ပြည်တွင်းစျေးကွက်မှာ လူတိုင်းနှစ်သက်စွာ တန်ဖိုးထားဝတ်ဆင်နိုင်ရုံသာမက ပြည်ပ စျေးကွက်ထိပါအရည်အသွေးကောင်းမွန်သော မြန်မာ့ ချည်ထည် စစ်စစ် များကို တင်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။