Maple-29 ကို မခွန်းငုံက ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၀ မှ စပြီး စတင် တည်ထောင်ပါတယ်။ မြန်မာနိုင်ငံ အတွင်း အရည်အသွေး ပြည့်မီတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ပြီး၊ အိမ်တွင်း လက်မှုလုပ်ငန်းက တစ်ဆင့် အလုပ်အကိုင် အခွင့်လမ်းတွေ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ။ နောက်ထပ် ရည်မှန်းချက်က မြန်မာပြည် ထုတ်ကုန်တွေကို ကမ္ဘာ့စျေးကွက်မှာ ရောင်းချနိုင်ဖို့ အထိ ရည်ရွယ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အင်းလေး ဒေသထွက် ချည်ထည်တွေကို အဓိက ထားပြီး အများဆုံး အသုံးပြုလျက် ရှိပါတယ်။ Maple-29 clothing brand က collection အလိုက် ထွက်တာဖြစ်ပြီး၊ တချို့ collection တွေမှာ နိုင်ငံခြား ပိုးစကို အသုံးပြုတာမျိုး ရှိပါတယ်။ အဓိက ထုတ်လုပ်တာက ဒီဇိုင်းစုံ အဝတ်အထည် ဖြစ်ပြီး၊ သူနဲ့ တွဲသုံးတဲ့ အိတ်၊ ခေါင်းစည်းကြိုး၊ ကလစ်၊ ဦးထုပ် စတာတွေလည်း ဖန်တီးထုတ်လုပ် ပါတယ်။
Maple29 ရဲ့ ဆောင်ပုဒ်က “Go slow, Be Bold and Stay Chic” ဆိုတဲ့အတိုင်း Slow fashion trend ကိုဦးစားပေးပြီး မိန်းကလေးတိုင်းကို ထင်ပေါ်ပြီး စတိုင်ကျတဲ့ fashion trend ကို ဦးဆောင်ဖန်တီးလျက် ရှိပါတယ်။