MKK Creations ရဲ့ တည်ထောင်သူ မမြတ်ဇာခြည်ခိုင် သည် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဗိသုကာဘွဲ့ ရရှိခဲ့သည်။ ငယ်စဥ်ကတည်းက ပန်းချီ၊ အနုပညာ၊ လက်မှုပညာ တို့ကို ချစ်မြတ်နိုးသည်။ Covid ကာလတွင် Dress Making Course ကို လေ့လာပြီး၊ ၂၀၂၁ စက်တင်ဘာတွင် MKK Creations ကို စတင် တည်ထောင်သည်။

MKK Creations အစပိုင်းတွင် Handmade Earrings များ၊ Polymer Clay များ ပြုလုပ်ရောင်းချသည်။ အစ်မဖြစ်သူနှင့် Macrame Accessories များ ဖန်တီးသည်။ အသင့်ချုပ်ထည် (Ready to Wear Clothing) များ ထုတ်လုပ်သည်။ အပ်ထည် လက်ခံခြင်း (Customized Tailoring Service) နှင့် အင်္ကျီပုံဒီဇိုင်း ရေးဆွဲခြင်း (Pattern Making Service) တို့ကိုလည်း ပြုလုပ်သည်။ MKK Creations မှ ပြည်တွင်းဖြစ် ချည်ထည်များကို အသုံးပြုပြီး ရိုးရှင်းသေသပ်လှပပြီး၊ အချိန်၊ ရာသီမရွေး ဝတ်ဆင်နိုင်သော ဒီဇိုင်းများ ထုတ်လုပ်သည်။

ပြီးပြည့်စုံတဲ့ ပုံစံ (Pattern)၊ အပိုအလိုမရှိ တိကျတဲ့ အဖြတ်အတောက် (Cutting)၊ သပ်ရပ်လှပတဲ့ ချုပ်ရိုးနှင့် အဝတ်အထည်တွေ အပြင်၊ လက်ဖြစ် အသုံးအဆောင် (Handmade Accessories) တွေကိုပါ တွဲဖက် ဖန်တီးသည်။

အရည်အသွေး ပြည့်တဲ့ ပြည်တွင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး၊ တောင့်တင်းသည့် ပြည်တွင်း အမှတ်တံဆိပ် (Local Brand) တခု ဖြစ်အောင် ကြိုးစားနေသည်။