သဘာဝဆိုးဆေးချည်ထည်တွေကို နှစ်သက်မှုကနေ မိမိနဲ့ အကြိုက်ထပ်တူညီသူတွေအတွက်ပါ ဝတ်ဆင်နိုင်ရန် ဖန်တီးမှုတွေ ပြုလုပ်နေတဲ့ Nature Collection (Eco-fashion) brand ဖြစ်ပါတယ်။

Nature Collection ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် ထွန်းကားလာခဲ့တဲ့ မြန်မာ့ရက်ကန်းကို ရေရှည်တည်တံ့အောင် တထောင့်တနေရာကနေ အထောက်ကူပြုနိုင်ရန် ရည်ရွယ်ပြီး မန္တလေး၊ အမရပူရနှင့် မကွေးတိုင်းတို့မှ အမျိုးသမီးများ ရက်လုပ်ထားတဲ့ ရက်ကန်းထည်များကို ဝယ်ယူကာ ဈေးကွက်တွင်ကျယ်လာ‌အောင် အမျိုးသမီးဝတ်၊ အမျိုးသားဝတ် ဒီဇိုင်းစုံနှင့် ချည်ထည် အသုံးအဆောင် မျိုးစုံကို ထုတ်လုပ်ပါတယ်။ လက်ရှိမှာ သဘာဝဆိုးဆေး အဝတ်အထည်‌တွေ အပြင်၊ တခါသုံးပစ္စည်း အစားထိုးထုတ်ကုန်များကိုပါ ထုတ်လုပ်လျက် ရှိပါတယ်။

ထုတ်လုပ်မှုတိုင်းမှာ ethical ဖြစ်စေရန်နှင့် consumer friendly ဖြစ်စေရန် အထူးဂရုစိုက်ပါတယ်။

Nature Collection အနေနဲ့ ရန်ကုန်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်‌တဲ့ ရခိုင်ပြည်နယ်မှ စက်ချုပ်ကျွမ်းကျင် အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သလို အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများ အပိုဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။

အနာဂတ်မှာ

  • တာဝန်ယူမှု တာဝန်ခံမှုရှိသော လုပ်ငန်းတခုအနေနှင့် ဆက်လက်ရပ်တည်ပြီး ၁၀၀% မြန်မာ့ပြည်တွင်းဖြစ် ချည်ထည်ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန်၊
  • မြန်မာ့ချည်ထည်လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်စေမှုနှင့် အပြိုင် အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာစေရန် ရည်မှန်းထားပါတယ်။