“Ngar Lha Taal” means “I am beautiful.” Ngar Lha Taal specializes in creating and producing earrings.

Ms. Cho Zin Mya Hlaing, the founder of “Ngar Lha Taal,” prefers to be unique. She creates and wears her own designs. She is an individual who encourages everyone to believe in their own beauty and to recognize their own beauty. She creates products designed for those who appreciate wearing exclusive, designs curated by her. She explained that she chose the brand name “Ngar Lha Taal” with the belief that everyone deserves unique, individual items that set them apart from others.

“ငါလှတယ် Ngar Lha Taal” ကနေ လှပသေသပ်ပြီး၊ သူများနဲ့ မတူတဲ့ ဒီဇိုင်းလက်ရာများနဲ့ နားကပ်၊ နားဆွဲများကို ဖန်တီးထုတ်လုပ်‌ပါတယ်။

“ငါလှတယ်” ကို တည်ထောင်သူ မချိုဇင်မြလှိုင်ဟာ သူများနဲ့ မတူဘဲ ကိုယ်ပိုင် သီးသန့်ဖြစ်နေရတာလေးတွေကို နှစ်သက်ပြီး၊ နောက်ထပ် ဆင်တူမရှိတဲ့ ကိုယ်ပိုင် ဒီဇိုင်းများကို ကိုယ်တိုင်ဖန်တီး၊ ဝတ်ဆင်တတ်သူပါ။ လူတိုင်းလူတိုင်းကိုလည်း ကိုယ့်အလှ ကိုယ်ယုံကြည်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ ခံယူစေချင်တဲ့ ဆန္ဒရှိသူတဦး ဖြစ်ပြီး၊ မိမိလို သီးသန့်ဖြစ်တဲ့ ဒီဇိုင်းလေးတွေကို ဝတ်ရဝာာ နှစ်သက်တဲ့သူတွေ အားလုံးအတွက် ရည်ရွယ်ကာ နားကပ်များ၊ နားဆွဲများကို ဖန်တီးထုတ်လုပ်တာပါ။ တယောက်ချင်းစီတိုင်းမှာ နောက်ထပ် ဘယ်သူ့ဆီမှာမှ ဆင်တူမရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ ထိုက်တန်တယ်ဆိုတဲ့ စိတ်နဲ့ “ငါလှတယ်”ဆိုတဲ့ အမှတ်တံဆိပ် အမည်ကို ရွေးချယ်ခဲ့တာပါ။