From 2006 to 2015, Ms. Khin Aye worked as a manager in Phoenix Association’s (NGO) sewing industry for 9 years. Having received design and business support from Hla Day, she has been working with Hla Day since 2016 to produce products under the name Hnin Zie. The name is derived from the rose and lavender flowers representing Rovender’s director Ms. Khin Aye and her daughter.
Ms. Khin Aye is very fond of traditional textiles and design, Since she is a hobbyist of sewing, traditional Burmese natural dye fabric, cotton fabric, she uses ethnic motifs to create handicrafts. Through her creations, she aims to make people more aware of the value of traditional Burmese textiles and learn to love them.
Rovender aims to provide employment opportunities for women suffering from HIV, single mothers and married women.
Their products are many kinds of bag, cushion covers, placements, coasters with local fabrics.
Rovender is always trying to provide customers with high-quality and simple designs that make them feel innovative. It is a reliable shop that will meet the needs of your lifestyle with simplicity and innovation.
Rovender ရဲ့ ပဲ့ကိုင်ရှင် မခင်အေးသည် ၂၀၀၆ မှ ၂၀၁၅ ခုနှစ်ထိ (၉) နှစ်ကြာ Phoenix Association (NGO လူမှုအဖွဲ့) ၏ စက်ချုပ်လုပ်ငန်းတွင် မန်နေဂျာအဖြစ် ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ Hla Day-လှတယ် မှ ဒီဇိုင်းပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ထောက်ပံ့မူများရရှိခဲ့ပြီး အတူပူးပေါင်းကာ ကုန်ပစ္စည်းများကို ၂၀၁၆ ခုနှစ်မှစပြီး နှင်းဆီ-Hnin Zie အမည်နဲ့ ကိုယ်တိုင်စတင်ချုပ်ခဲ့ပါတယ်။
Rovender ရဲ့ ပဲ့ကိုင်ရှင် မခင်အေးနဲ့ သူမရဲ့သမီးလေးကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းနဲ့ လာဗန်ဒါပန်းတို့ကနေဆင်းသက်လာတဲ့ အမည်ဖြစ်ပါတယ်။
သူမဟာ ရိုးရာချည်ထည်ပစ္စည်းတွေကို အလွန်နှစ်သက်ပြီး ဒီဇိုင်းဖော်ချုပ်လုပ်ရတာကို ဝါသနာထုံသူဖြစ်တဲ့အတွက် မြန်မာရိုးရာ သဘာဝဆိုးဆေး အထည်၊ ချည်ထည်၊ တိုင်းရင်းသားအဆင်ထည်တွေကို အသုံးပြုပြီး လက်မူပစ္စည်းတွေ ဖန်တီးပါတယ်။
သူမတို့ရဲ့ ဖန်တီးမှုများမှတဆင့် မြန်မာရိုးရာဓလေ့ထုံးစံအရ ထုတ်လုပ်ထားတဲ့ချည်ထည်များဟာ အလွန်တန်ဖိုးရှိတဲ့ အဖိုးတန်အရာများဖြစ်ကြောင်း ပိုမိုသိရှိလာစေရန်နဲ့ ၎င်းတို့ကို နှစ်သက်မြတ်နိုးတတ်လာစေရန် ရည်ရွယ်ထုတ်လုပ်ပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၊ HIV ဖြင့် နေထိုင်သူ အမျိုးသမီးများနှင့် တကိုယ်တည်းရုန်းကန်ရတဲ့မိခင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးနိုင်ရန် ရည်ရွယ်ကြိုးစားနေတဲ့ Rovender ဖြစ်ပါတယ်။
Rovender မှ အိတ်၊ ကူရှင် အဖုံး၊ စားပွဲခင်း၊ ခွက် အောက်ခံ အမျိုးမျိုးကို ပြည်တွင်းထုတ် အစများ သုံးပြီး ထုတ်လုပ်သည်။
Rovender ဟာ သင့်နေထိုင်မူပုံစံမှ လိုအပ်မှုများကို အရည်သွေးမြင့်မားပြီး ရိုးရှင်းမှုများကြားမှ ဆန်းသစ်မှုကိုခံစားရစေမယ့် ဒီဇိုင်းများ customers များထံသို့ ပေးအပ်နိုင်ရန် အမြဲကြိုးစားနေသော ယုံကြည်အားကိုးထိုက်တဲ့ ဆိုင်လေးဖြစ်ပါတယ်။