With the motto of “Loving, Sharing and Caring”; “Sharing Our Strength” is helping to the child cancer patients.
During the Covid-19 period, some of the child-cancer patient parents are struggling a lot and facing the financial issues for curing their children. For their stable income, Ms. Nwe Ni has started a sharing program about crochet and making a home-made soap in order to find a way of extra income in that hardship time. This is how “Sharing Our Strength” has started for supporting somehow for the parents of child-cancer patients.
Product like crochet items, home-made soaps and indoor plants are selling through social media and the profits goes to transpiration fees for blood donor and other general costs for cancer patients.
Since 2023, Sharing Our Strength and SheCreates collaborated and offering vocational training to the parents of child-cancer patients and encouraged them to get extra income from their artistic creations.
Mostly children are kind of Thalassemia and Hemophilia cancer patients.
“Sharing Our Strength”; urge your contribution for the child-cancer patients who in needs of operations.
Sharing Our Strength သည် “ချစ်ခြင်း၊ မျှဝေခြင်း၊ ပြုစုစောင့်ရှောက်ခြင်း/ Loving, Sharing and Caring” ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးကင်ဆာဝေဒနာရှင်များကို အကူအညီပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
၂၀၂၀ ခုနှစ်တွင် Covid 19 ကြောင့် တချို့သော ကလေးကင်ဆာဝေဒနာရှင်များ၏ မိဘများသည် ပုံမှန်ဝင်ငွေများရပ်သွားခြင်း၊ အလုပ်များနားလိုက်ရခြင်းတို့ကြောင့် ကလေးကင်ဆာဝေဒနာရှင်များမှာ ဆေးဝါးကုသရာတွင် အခက်အခဲများ ကြုံကြရပါသည်။ ကင်ဆာရောဂါကုသအောင်မြင်ပြီးသူများ၏ မိဘတချို့က ၎င်းတို့အခက်အခဲများကို ရင်ဖွင့်လာကြသည့်အတွက် ပုံမှန်ဝင်ငွေရရှိနိုင်ရန် မနွယ်နီခိုင် အနေဖြင့် crochet ချည်ထိုးလက်မူပညာနှင့် ဆပ်ပြာရည်ပြုလုပ်ခြင်းများကို သင်ကြားမျှဝေပေးခဲ့ပါသည်။ ထိုကလေးလူနာမိဘများ၏ ဝန်များ လျော့ကျစေနိုင်ရန်၊ မေမေတို့ အိမ်ဝင်ငွေရရှိစေနိုင်ရန် လိုအပ်ချက်များကို တထောင့်တနေရာမှကူညီရန် ရည်ရွယ်ပြီး Sharing Our Strength ကို စတင်ခဲ့ပါသည်။
Crochet ပစ္စည်းများ၊ ချည်ထည်များ၊ ဆပ်ပြာရည်၊ indoor plant များ ရောင်းချပြီး ကလေးများ ဆေးရုံလာရောက်ကုသနိုင်ရန် ကားခများ၊ သွေးစစ်ခများ၊ သွေးလှူရှင်အကြိုအပို့ကားခများနှင့် အထွေထွေစရိတ်များကို ကူညီပေးလျက်ရှိပါသည်။
Sharing Our Strength နှင့် သူမလက်ရာတို့ ပူးပေါင်းပြီး ကလေးကင်ဆာဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ပေးနေသော မိသားစုဝင်များအား သူမလက်ရာ၏ ဖန်တီးသူများမှ အသက်မွေးဝမ်းကြောင်းလက်မှုပညာရပ်များကို သင်ကြားပေးသည့်အစီအစဉ်များကိုလည်း ၂၀၂၃ ခုနှစ်မှ စတင်စီစဉ်ခဲ့ကြပါသည်။
ဝေဒနာရှင်များမှာ ကင်ဆာရောဂါများ၊ Thalassemia ရောဂါများ နှင့် Haemophilia ရောဂါဝေဒနာ ခံစားနေရသော ဝေဒနာရှင်များဖြစ်ပါသည်။
“Sharing Our Strength” ၏ ဖန်းတီးမှုလက်ရာများကို အားပေးခြင်းဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေသော ကလေးကင်ဆာဝေဒနာရှင်များအတွက် ရံပုံငွေများ ရရှိစေမည် ဖြစ်ပါသည်။