Za Latt Nann, born out of love for Chin culture, began its journey in 2014, selling traditional woven fabrics from Kale City and Chin State. Despite challenges during COVID-19, they transformed fabrics into trendy accessories.
In 2021, they collaborated with local artisans, creating unique handbags and shirts from indigenous fabrics. These became best-sellers, providing jobs for women and skilled professionals.
Za Latt Nann’s shirts, for men, women, and children, are made from Inle cotton, reflecting ethnic charm with top-notch quality at affordable prices. They also offer hand-painted cushion covers featuring Chin State landmarks.
Their goal is to offer fashionable and authentic ethnic choices while promoting cultural appreciation. Founder Daw Thae Thinzar blends traditional and modern styles.
“ဇလပ်နန်း- Za Latt Nann” က ချင်းရိုးရာ ယဉ်ကျေးမှုများ၊ ၎င်း၏ ထူးခြားသော ဖက်ရှင်ဓလေ့များ နှင့် ဒေသအသီးသီးက တိုင်းရင်းသားတို့ရဲ့ ယက်ကန်း အတတ်ပညာအပေါ် နက်ရှိုင်းစွာ ချစ်မြတ်နိုးမှုကနေ အခြေပြုပြီး ပေါက်ဖွားလာတဲ့ Brand တခုပါ။ ချင်းရိုးရာ ယက်ကန်းထည်များ ထွက်ရှိရာ အများဆုံး ဒေသ ကလေးမြို့နှင့် ချင်းပြည်နယ်က ရိုးရာ ယက်ကန်းထည်များကို နိုင်ငံတဝန်းသို့ လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချခြင်းဖြင့် ၂၀၁၄ ခုနှစ်တွင် “ဇလပ်နန်း” ကို စတင်ခဲ့ပါတယ်။
COVID-19 ကာလ အထည်လုပ်ငန်းများ ခက်ခက်ခဲခဲ ရုန်းကန်ရမှုအထဲတွင် ဇလပ်နန်းလည်း ပါဝင်ပါတယ်။ လုပ်ငန်း ဆက်လက် ရပ်တည်ရေးအတွက် နည်းလမ်းရှာတဲ့အခါ ရိုးရာချည်ထည်တွေ ကနေ လက်ကိုင်အိတ်တွေနှင့် အဝတ်အထည်၊ အသုံးအဆောင်တွေ ထုတ်လုပ် ရောင်းချဖို့အကြောင်းတရပ် ဖြစ်လာပါတယ်။ ဇလပ်နန်းနဲ့ ဒေသတွင်း အတတ်ပညာရှင်တို့ ပူးပေါင်းပြီး ပြည်တွင်းဖြစ် အရည်အသွေးကောင်း ရိုးရာယက်ကန်း ပိတ်စများနဲ့ ဖန်တီးထားတဲ့ လက်ကိုင်အိတ်တွေကို ၂၀၂၁ ခုနှစ် မှာ စတင် ထုတ်လုပ် ရောင်းချခဲ့ပါတယ်။
လက်ကိုင်အိတ်များကို နှစ်သက်ကြတဲ့ အတွက် ဇလပ်နန်းရဲ့ ရောင်းအား အကောင်းဆုံး ထုတ်ကုန် ဖြစ်လာပြီး၊ ဒေသတွင်း အမျိုးသမီးများနှင့် ကျွမ်းကျင် အတတ်ပညာရှင်များကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဝတ်စားဆင်ယင်မှုမှ တဆင့် တိုင်းရင်းသား မျိုးနွယ်စုများ၏ ပကတိ အလှတရားကို အခြားသူများ လက်ခံကြိုဆိုသည့် ပတ်ဝန်းကျင် ကောင်းတရပ် ဖြစ်ထွန်းရေးကို မျှော်မှန်း လုပ်ဆောင်ပါတယ်။ တိုင်းရင်းသား မျိုးနွယ်စု တခုချင်းစီ၏ ဝတ်စားဆင်ယင်မှု ဓလေ့ထုံးစံ အပေါ် အခြေခံတဲ့ ယဉ်ကျေးမှုလက္ခဏာနှင့် အမွေအနှစ် ဖော်ထုတ်ရာမှာ ဦးဆောင် ပံ့ပိုးသူ အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးရန် တို့ကို ဇလပ်နန်းရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
“ဇလပ်နန်း” တည်ထောင်သူ ဒေါ်သဲသဉ္ဇာက ချင်း-ဗမာ အမျိုးသမီး ဖြစ်ပြီး ရိုးရာနှင့် ခေတ်မီဖက်ရှင် တို့ကို ပေါင်းကူးကာ တိုင်းရင်းသားဖက်ရှင်ကို ဈေးကွက် အခွင့်အလမ်းများ ဖန်တီးရန် ကြိုးစား လုပ်ဆောင်နေသူ တဦးဖြစ်ပါတယ်။ ချင်းရိုးရာ ချည်ထည် သာမက၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ချည်ထည်နဲ့ တိုင်းရင်းသား အငွေ့အသက်တွေနဲ့ ဖန်တီးထားတဲ့ ဇလပ်နန်း ရှပ်အင်္ကျီ (Men/ Women/ Kid Wear) တွေဟာ အရည်အသွေးကောင်းပြီး၊ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပါတယ်။
လက်ရေးပန်းချီနဲ့ ပုံဖော်ထားတဲ့၊ ချင်းပြည်နယ်ရဲ့ အထင်ကရ အမှတ်အသား Cushion Cover များ ဇလပ်နန်းမှာ ရရှိပါတယ်။ ကုန်ကြမ်းကို အရည်အသွေး ကောင်းသည့်၊ ပြည်တွင်းထုတ် ပစ္စည်းများ အဓိက ဦးစားပေး အသုံးပြုပါတယ်။ ဇလပ်နန်းမှ အိတ်အမျိုးမျိုး၊ ယောက်ျား ရှပ်အင်္ကျီ၊ အမျိုးသမီး စကပ်၊ ကလေး အဝတ်အထည်၊ ပုဝါ၊ ရိုးရာ လက်ဝတ်တန်ဆာများ ထုတ်လုပ်ပါတယ်။