အမြန်ဖက်ရှင် – နောက်ဆုံးပေါ် အဝတ်အစား ပုံစံများကို ‌ဈေးပေါပေါဖြင့်၊ အမြောက်အမြား ဖြန့်ချိရောင်းချခြင်း ပုံစံ ဖြစ်သည်။ ကုန်ကြမ်း အသုံးပြုမှုနှင့် ထုတ်လုပ်မှု စရိတ်များ လျော့ချပြီး၊ တချိန်တည်း၊ တပြိုင်တည်း၊ အဝတ်အထည်ပမာဏ အများအပြားကို ထုတ်လုပ် ရောင်းချခြင်း ပုံစံဖြစ်သည်။ ဈေးပေါပြီး၊ ရေရှည်ဝတ်ဆင်၍ မရသော်လည်း၊ မပျက်ဆီးလွယ်သော ပစ္စည်းများ အသုံးပြုထားသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ရေရှည်မခံသောကြောင့်၊ အဝတ်အစား အသစ် ပြန်ဝယ်ရန် လိုအပ်သည်။ လုပ်အားခ ဈေးပေါသော လုပ်သားများဖြင့် ချုပ်လုပ်တတ်သည်။