Saw Yi’s Authentic Floral Pieces

She Gallery Opening

Grand Opening of SheGallery

We are honored to present the “Authentic Floral Pieces” Art Exhibition by Artist Saw Yi at our SheGallery’s grand opening. The exhibition is from July 18th to 25th, between the hours of 11:00 am and 9:00 pm, at the lower level of the SheCreates Showroom.

SheGallery ရဲ့ ပွဲဦးထွက်အဖြစ် ပန်းချီဆရာကြီး ဦးစောရည်ရဲ့ ပန်းလက်ရာ ပန်းချီကားများကို ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ပြသသွားမှာပါ။ နေ့စဉ် နံနက် ၁၁:၀၀ နာရီမှ ည ၉:၀၀ နာရီ အထိ SheCreates (သူမလက်ရာ) Showroom အောက်ထပ်ရှိ သူမပြခန်းမှာ ချိတ်ဆွဲပြသထားမှာပါ။ လာရောက် ကြည့်ရှု့ အားပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

Saw Yi’s Authentic Floral Pieces

Floral painting was popular among women, and they wore Pathein parasols and on women’s longyis as a fashion in Myanmar and elsewhere. Saw Yi and the floral painting and parasol couldn’t be separated. His father was a famous floral painter from Bassein. Bassein is a famous for parasol invention and production. He was an expert in floral painting and he once owned a successful parasol business. He was a man of craft and a full-time water-colourist. Here we exhibit his craft work of floral art.

These paintings were produced by Sunflower from 2008 to 2010. There every painting has texture effects on the background surface by Pathein M.M.Thein. He was experimenting with acrylic ground textures on canvas, paper and wood. So Sunflower has those textured surfaces with verity of floral works by Saw Yi. 

ဦးစောရည်၏ ပန်းအလှ ပန်းချီလက်ရာများ

ပန်းပုံများကို မြန်မာ အမျိုးသမီးထမီများနှင့် ထီးများတွင် ပန်းချီဆွဲ ဝတ်ဆင်ကိုင်ဆောင်ကြသည့် ခေတ်တခေတ် ရှိခဲ့သည်။ ဦးစောရည်သည် ထိုခေတ်အခါက ပုသိမ်ထီးလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ကိုင်ခဲ့ပြီး၊ ကိုယ်တိုင် ထီးပန်းများကို ရေးဆွဲခဲ့သည်။ ပုသိမ်ဇာတိဖြစ်ပြီး၊ ဖခင်မှာ ထီးပန်းရေးဆွဲရာမှာ ထင်ရှားသော ပန်းချီဆရာကြီး တဦးဖြစ်သည်။ သူကိုယ်တိုင် ပုသိမ်ထီးထုတ်လုပ်သည်။ ထီးပန်းရေးသည့် ဦးစောရည်နှင့် ပုသိမ်ထီး၊ ထီးပန်းရေးမှုတို့သည် တွဲဖက်နေသည်။ သူသည် ထီးပန်းသီးသန့် ဆွဲသော ပန်းချီဆရာမဟုတ်ပဲ၊ ရေဆေး၊ ဆီဆေး၊ အခရလစ်ပန်းချီရေးခြင်းဖြင့် အချိန်ပြည့် အသက်မွေးခဲ့သူ ဖြစ်သည်။ ယခု သူ၏ ၂၀၀၈ – ၂၀၁၀ ကာလက ပန်းပုံလက်ရာများကို ပြသမည် ဖြစ်သည်။

ယခုပြပွဲတွင် ပြသမည့် ဦးစောရည်၏ ပန်းပန်းချီကားများကို ဆန်းဖလားဝါး ပန်းချီပြခန်းအနေဖြင့် ၂၀၀၈ – ၂၀၁၀ များတွင် အများအပြား စုဆောင်းခဲ့သည်။ ယင်းပန်းချီကား တချပ်ခြင်းစီ၏ နောက်ခံကို အခဲရယ်လစ် ခံဆေးဖြင့် ပုံစံ အမျိုးမျိုး ဖန်တီးထားမှု အပေါ် ဦးစောရည်၏ ပန်းပန်းချီများ ရေးဆွဲစေခဲ့သည်။ ယင်း အခဲရယ်လစ် အောက်ခံအမျိုးမျိုးကို ပုသိမ်မောင်မောင်သိမ်းမှ စမ်းသပ်ဖန်တီး ပြုလုပ်ခဲ့သည်။

Saw Yi's Authentic Floral Pieces
U Saw Yi (1930-2016)

Saw Yi (1930–2016)

Born in Pathein (old name Bassein). His father was a famous floral painter from Bassein. He studied art under U Chit Maung, a famous watercolorist. He once owned a parasol business and lost his business to a fire. He taught two floral painting sessions at Sunflower in 2010. He was a full-time watercolorist and worked with Sunflower from 2007 to 2010. His wife is a poet. He had two daughters and a son.

ရေဆေးပန်းချီဆရာကြီး ဦးစောရည် – ပုသိမ် (၁၉၃၀ – ၂၀၁၆)

ဦးစောရည်ကို ပုသိမ်တွင် မွေးဖွားပြီး၊ ဖခင်မှာ ထီးပန်းရေးဆွဲရာတွင် ထင်ရှားသော ပန်းချီဆရာကြီးတဦး ဖြစ်သည်။ ရေဆေးတွင် နာမည်ကျော်သော ဆရာဦးချစ်မောင် ထံတွင် ပန်းချီသင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်‌တွင် စတင်တည်ထောင်ခဲ့သော ပန်းချီပန်းပုကောင်စီတွင် ပထမဦးဆုံးသော တွဲဖက်အတွင်းရေးမှူး အဖြစ် လုပ်ကိုင်ခဲ့သည်။ ထီးပန်းဆွဲခြင်းနှင့် ပုသိမ်ထီး ပြုလုပ်ခြင်းကို မိသားစုမှ ဆက်ခံခဲ့ခြင်း ဖြစ်သည်။ ပုသိမ်ထီးလုပ်ငန်းတွင် အောင်မြင်ခဲ့ပြီး၊ လုပ်ငန်းများ မီးထဲပါသွားချိန်မှစပြီး စီးပွားရေး ထိခိုက်သွားခဲ့သည်။ ဆန်းဖလားဝါး ပန်းချီပြခန်းနှင့်အတူ ၂၀၀၇ မှ ၂၀၁၀ ကာလများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ဆန်းဖလားဝါး၏ စီစဉ်မှုဖြင့် “ပန်းအလှပန်းချီရေးနည်း – Floral Art” သင်တန်းနှစ်ကြိမ်ကို ၂၀၁၀ ဝန်းကျင်တွင် ဦးစောရည်မှ သင်တန်းဆရာအဖြစ် သင်ကြားပေးခဲ့သည်။ ဦးစောရည်၏ ဇနီးသည် ကဗျာဆရာမ တဦးဖြစ်ပြီး၊ သမီး နှစ်ယောက်၊ သားတ‌ယောက် ထွန်းကားခဲ့သည်။